အရောင်တစ်ရောင်ထဲဆို ကြည့်ရရိုးလို့ ကာလာစုံနေအောင် စပ်ဆိုးချင်တဲ့သူတွေအတွက် အမြင်လည်းမရိုင်းသလို ထူးထူးခြားခြားလေးဖြစ်နေမယ့် လက်သည်းနီဒီဇိုင်းဆန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အရောင်အစုံပါတာမို့ လက်သည်းအတိုအရှည်မရွေး၊ အသားအရောင်မရွေး လိုက်ဖက်ပြီး ထင်းနေစေမယ့်အပြင် ထွေထွေထူးထူးတွဲစပ်စရာမလိုဘဲ ဝတ်လိုက်တဲ့ Outfit တိုင်းနဲ့လည်း ကြည့်ကောင်းနေမှာဖြစ်လို့ စမ်းဆိုးကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
Rainbow Nails
 
အိမ်မှာကိုယ်တိုင်ဆိုးတတ်သူတွေအတွက် သင့်တော်မယ့် ဒီဇိုင်းလေးဖြစ်ပါတယ်။ သက်တံ့တစ်စင်းရဲ့ အရောင်တွေလို မတူတဲ့ကာလာစုံပေါင်းပြီး လက်သည်းတစ်ချောင်းချင်း ဆိုးထားတာမျိုးက တစ်မျိုးဆန်းပြီး လှနေတာကိုတွေ့ရမှာပါ။
Rainbow Tips
 
 
လက်သည်းအောက်ပိုင်းအကြည်ရောင်လေးအတိုင်းထားပြီး ထိပ်ကို အရောင်စုံအောင်ဆိုးပေးတာကလည်း လက်သည်းရှည်တဲ့သူတွေနဲ့ အရမ်းအဆင်ပြေမယ့်ပုံစံလေးပါ။
Lava Lamp Vibes
 
 
 
တစ်ခုနဲ့တစ်ခုမညီတဲ့ အရောင်လုံးလေးတွေပြေးနေသလို ပုံစံလေးကလည်း သင့်လက်သည်းကို ဆွဲဆောင်မှုရှိပြီး အထာကျစေမှာပါ။
Colorful Floral
 
အရောင်မတူတဲ့ပန်းပုံလေးတွေစပ်ဆိုးတာကလည်း ပုံဖော်ရတာကြိုက်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ ပန်းရောင်၊ ခရမ်း၊ အပြာ၊ အဝါစတဲ့အရောင်စိုစိုလေးတွေက စပ်ဆိုးလို့လှတဲ့ကာလာလေးတွေဖြစ်ပါတယ်။
Neon Print
 
 
Neon အရောင်တောက်တောက်တွေ စပ်ဆိုးတာကမျိုးကလည်း လက်သည်းလေးထင်းပြီး အထာကျနေစေပါလိမ့်မယ်။
Wave Squiggles
 
ဒီလို လှိုင်းတွန့်လေးတွေ ပြေးနေသလို ပုံစံလေးကို အရောင်နုနုလေးတွေပေါင်းပြီး ဆိုးကြည့်ပါ။ ဒီဇိုင်းလေးဆန်းသလို အရောင်မျှတဲ့ပုံစံလေးမို့ Outfit အရောင်တိုင်းနဲ့လိုက်နေစေမှာပါ။
Two-Toned Colorful
 
 
 
ဒီလို လက်သည်းတစ်ချောင်းကို အပေါ်တစ်ရောင် အောက်တစ်ရောင်ပေါင်းဆိုးတာလေးကလည်း ဆိုးရရိုးရှင်းပေမယ့် ဒီဇိုင်းဆန်းသလိုမြင်ရစေတဲ့ ပုံစံလေးဖြစ်ပါတယ်။ အရောင်တစ်ရောင်ထဲကို အနုအရင့်တွဲလို့လည်းရသလို မတူတဲ့အရောင်နှစ်ရောင်စီတွဲပြီး ဆိုးလို့လည်းလှပါတယ်။
Photo Source: Pinterest, preview.ph
											
				
									