အားလုံးပဲမင်္ဂလာပါနော်။ ပရိသတ်တွေ သဲသဲလှုပ်ချစ်ကြတဲ့ ကိုရီးယားမင်းသမီးလေး Kim So Hyun က ဖက်ရှင်ကျပြီး ဘယ်လို ဖက်ရှင်ဝတ်ဝတ် မိမိုက်နေသူတစ်ဦးဖြစ်ပါတယ်နော်။
နန်းတွင်းကားတွေဆိုလည်း မကြာခဏဆိုသလို ရိုက်ကူးလေ့ရှိတတ်ပြီး သူတို့ရဲ့ ကိုရီးယားရိုးရာ ဝတ်စုံလေးနဲ့ဆိုရင်လည်း ခမ်းနားပြီး ကျက်သရေရှိပါတယ်။
နာမည်အရင်းကလည်း Kim So Hyun ပဲဖြစ်ပြီး ၁၉၉၉ ခုနှစ် ဇွန်လ ၄ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပြီးတော့ အရပ်အမြင့်ကတော့ ငါးပေ လေးလက်မ ရှိပါတယ်။
တောင်ကိုရီးယားမှာလည်း အောင်မြင်နေတဲ့ အနုပညာရှင်ဖြစ်သလို အာရှတဝိုက်မှာလည်း အားပေးတဲ့ ပရိသတ် အခိုင်အမာရရှိထားတဲ့ Kim So Hyun ရဲ့ ကိုရီးယားရိုးရာဝတ်စုံ ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။