ဓာတ်ပုံရိုက်ရင် ပြုံးရယ်တာပဲလုပ်တတ်တဲ့ ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းပြီး လှလည်းလှနေစေမယ့် ပို့စ်အိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီပို့စ်လေးဆိုရင် ရယ်ပြီးရိုက်မှ လှတာပါ။ ဒါကြောင့် ဓာတ်ပုံရိုက်ရင် ပြုံးရယ်တာပဲ လုပ်တတ်တယ်ဆိုရင် ဒီပို့စ်လေးကို try ကြည့်ပါ။

ပြုံးပြီးရိုက်တဲ့အခါမှာ ဒီပို့စ်လေးကို try ကြည့်ပါ။ အရမ်းလှပါတယ်။

မိန်းကလေးတွေက ဆံပင်သပ်နေတဲ့ပုံ၊ စည်းနေတဲ့ပုံလေးတွေ ပို့စ်ပေးရင် အရမ်းလှပါတယ်။ မျက်နှာလေးက ပြုံးရယ်နေရင် ပိုတောင်လှပါသေးတယ်။

ဒီပို့စ်လေးဆိုလည်း ဘာမှမခက်ပါဘူး။ ထိုင်နေတဲ့ပုံစံလေးက အသက်ပါပဲ။ ပြုံးပြုံးလေးနေရင်တော့ အလှဆုံးဖြစ်သွားမှာပါ။

ပို့စ်သိပ်မပေးတတ်လည်း မပူပါနဲ့။ ဒီပို့စ်လေးက အရမ်းလွယ်ပါတယ်။ အဓိကက ပြုံးနေရင် ချစ်ဖို့ကောင်းသွားတာပါပဲ။ ဒါကြောင့် ဓာတ်ပုံရိုက်ရင် ပြုံးရယ်တာပဲလုပ်တတ်တဲ့ သူတွေအတွက်တော့ အရမ်းအသုံးဝင်ပါတယ်။

Portrait ရိုက်မယ်ဆိုရင် ဒီလိုလေး ပြုံးရယ်ပြီး မေးထောက်ကာ ပို့စ်ပေးကြည့်ပါ။ လှလည်းလှ၊ ချစ်ဖို့လည်း ကောင်းပါတယ်။

ကော်ဖီဆိုင်တွေမှာ ဘယ်လိုပို့စ်ပေးရမှန်းမသိရင် ဒီပုံလေးအတိုင်း ရိုက်ကြည့်ပါ။ ပြုံးပြီး ကင်မရာကိုကြည့်ပါ။

အိမ်မှာပန်းရှိရင် ဒီလိုလေး ရိုက်ကြည့်လိုက်ပါ။ Lighting လှရင် ပုံကောင်းလေး ရလာမှာပါ။

ပိုက်ဆံအိတ်လေးကိုင်ပြီး ဒီလိုလေးထိုင်ရိုက်တာလည်း တစ်မျိုးဆန်းပြီး လှပါတယ်။ ပြုံးရယ်နေရင် ပိုလှတာကြောင့် try ကြည့်သင့်တဲ့ ပို့စ်အိုင်ဒီယာလေးပါပဲ။

ဒီပို့စ်လေးဆိုလည်း အရမ်းလှပါတယ်။ ဘာမှလည်း မခက်ခဲပါဘူး။ လှလှပပလေး ပြုံးနေရင်ရပါပြီ။

Photo source:www.pinterest.com