ကိုးရီးယားဖက်ရှင်လေးတွေ စိတ်ဝင်စားကြတဲ့ ပျိုမေတို့ အားလုံးပဲ မင်္ဂလာပါနော်။ ဒီတစ်ခေါက်ဖက်ရှင်ချစ်သူတို့အတွက် ဖော်ပြပေးချင်တဲ့ အနုပညာရှင်ကတော့ Playful Kiss ဇာတ်လမ်းတွဲနဲ့ လူသိများခဲ့တဲ့ ကိုးရီးယားမင်းသမီးလေး Jung Su Min ရဲ့ ဖက်ရှင်အကြောင်းလေးပဲဖြစ်ပါတယ်။

Su Min ဟာ အသက် ၃၀ ကျော်လို့ မထင်ရအောင် မျက်နှာသေးသေး နှုတ်ခမ်းဖူးဖူးလေးနဲ့ ကလေးလေးလို ချစ်စရာကောင်းနေဆဲဖြစ်တဲ့ မင်းသမီးတစ်လက်ပါ။ ပွဲဦးထွက်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ကနေ လက်ရှိအချိန်အထိ ဟာသ၊ Romance စတဲ့ Drama ဇာတ်လမ်းတွဲအမျိုုးအစားအစုံမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး ပရိသတ်အားပေးမှု အခိုင်အမာရထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။

လက်ရှိမှာ “Alchemy Of Souls ဆိုတဲ့ နန်းတွင်း Romance ဇာတ်လမ်းတွဲတစ်ခုထွက်ရှိထားပြီး မကြာခင်ထွက်ရှိတော့မယ့် “Project Wolf Hunting” ဆိုတဲ့ သည်းထိပ်ရင်ဖိုရုပ်ရှင်ကားမှာလည်း ပါဝင်ထားတာကို တွေ့ရပါတယ်။

မိတ်ကပ်ပါးပါးလေးပဲ လိမ်းပြီး လွတ်လွတ်လပ်လပ်နေတတ်တဲ့သူမဟာ ဖက်ရှင်ပိုင်းမှာလည်း ခပ်မိုက်မိုက်ပုံစံတွေထက် ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျတဲ့ပုံစံလေးတွေ ရွေးဝတ်လေ့ရှိသူပါ။ သူမဝတ်တတ်တဲ့ပုံစံလေးတွေက ထသွားထလာအတွက်လည်းအဆင်ပြေသလို လူငယ်၊လူလတ်မရွေး ပေါ့ပေါ့ပါးပါးနဲ့ ဝတ်လို့လှနေမယ့် ပုံစံလေးတွေဖြစ်တာမို့ ပျိုမေတို့နမူနာယူနိုင်မယ့် Su Min ရဲ့ Outfit အိုင်ဒီယာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

Photo Source: Pinterest

By MyStyle Myanmar