ပွဲတစ်ပွဲကိုပဲ တက်ရောက်ကြတဲ့ အနုပညာရှင်နှစ်ဦး ဝတ်စုံဆင်တူဖြစ်သွားတာမျိုးတွေက ခဏခဏ ကြုံတွေ့ရလွန်းလို့ ထူးဆန်းတဲ့ကိစ္စတောင် မဟုတ်တော့ပါဘူးနော်။
ဒါပေမယ့် အမျိုးသားတွေအတွက်ဆိုပြီး ခေါင်းစဥ်တပ်ထုတ်ထားတဲ့ Suit ဝတ်စုံကို မင်းသမီးတစ်ယောက်က ဝတ်ပြီးပွဲတက်လာခဲ့တာမျိုးကတော့ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်ပါတယ်။ ဥပမာပြောရရင် ဟောလိဝုဒ်မင်းသမီးချော Nicole Kidman ပေါ့။
ဒီလိုပဲ အမျိုးသမီးတွေအတွက်ဆိုပြီး ရည်ရွယ်ထုတ်လုပ်ထားတဲ့ အဝတ်အစားတွေကို ဝတ်ပြီးလူရှေ့ထွက်လာကြတဲ့ နာမည်ကြီးအမျိုးသားတွေလည်း ရှိနေပါသေးတယ်။
ဒါကြောင့် အခုတစ်ခါမှာတော့ ဝတ်စုံတစ်ခုတည်းကိုပဲ ဝတ်ဆင်ခဲ့ကြတဲ့ အမျိုးသားအနုပညာရှင်၊ အမျိုးသမီးအနုပညာရှင်တို့ကို ရွေးချယ်ဖော်ပြပေးချင်ပါတယ်။
Harry Styles နဲ့ Victoria Beckham
Gucci အမှတ်တံဆိပ် အမျိုးသားဝတ်ကို ဝတ်ဆင်ထားတဲ့ မော်ဒယ်လ်နဲ့ မင်းသမီး Nicole Kidman
Louis Vuitton အကျီကို ဝတ်ဆင်ထားကြတဲ့ မင်းသား Cody Fern နဲ့ မော်ဒယ်လ်
ဆင်တူဝတ်စုံနဲ့ ဒေးဗစ်ဘက်ခမ်းတို့ စုံတွဲ
American Horror Story မင်းသား Darren Criss နဲ့ Game of Thrones မင်းသမီး Gwendoline Christie
Versace ဖက်ရှင်ရှိုးက မော်ဒယ်နဲ့ သရုပ်ဆောင်၊ မော်ဒယ်လ် Rosie Huntington-Whiteley
Versace နီယွန်အစိမ်း Suit ကို ဝတ်ဆင်ထားတဲ့ မော်ဒယ်နဲ့ မင်းသမီး Blake Lively
မင်းသား Timothée Chalamet နဲ့ Haider Ackermann ဖက်ရှင်ရှိုးပွဲမှ မော်ဒယ်
Image Source: BrightSide