ဓာတ်ပုံရိုက်ရင် လက်ဘယ်နားထားရမှန်းမသိဘူး၊ ဘယ်လိုပို့စ်ပေးရမှန်းမသိဘူး ဆိုတဲ့သူတွေအတွက် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

နေပူနေတဲ့နေရာမှာရိုက်မယ်ဆိုရင် လက်ကိုဘယ်နားထားရမလဲ စဉ်းစားနေစရာမလိုပါဘူး။ တစ်ဖက်က နေကာထားပြီး နောက်လက်တစ်ဖက်ကတော့ ပိုက်ဆံအိတ်ကိုင်ထားလိုက်ရုံပါပဲ။

ဓာတ်ပုံရိုက်ရင် လက်ဘယ်နားထားရမှန်းမသိရင် ဒီလိုဆံပင်သပ်ပြီး နောက်လက်တစ်ဖက်က အိတ်ကို လွှဲပြီးကိုင်နေတဲ့ပုံလေးသာ ပို့စ်ပေးလိုက်ပါ။

လက်ထောက်စရာနေရာရှိရင်တော့ ဒီပို့စ်လေးကို လုပ်ကြည့်ပါ။ ဆွဲဆောင်မှုရှိပြီးလှပါတယ်။

ကောင်းကင်ပါအောင်ရိုက်ရင်လည်း လက်ဘယ်နားထားရမှန်းမသိရင် ဒီလိုလေးသာ ပို့စ်ပေးကြည့်ပါ။

ဘေးနားမှာပန်းလေးတွေရှိတယ်ဆိုရင် ဒီပို့စ်လေးရိုက်ကြည့်ပါ။ လက်ဘယ်နားထားရမှန်းမသိရင် ဒီလိုလေးတွေက အသုံးဝင်ပါတယ်။

အမှီနေရာ၊ လက်တင်စရာနေရာမရှိရင် ဒီလိုလေးသာ ပို့စ်ပေးလိုက်ပါ။ အလွယ်ကူဆုံး ပို့စ်ပေးနည်းပါပဲ။

ထိုင်ရိုက်မယ်ဆိုရင် လက်ဘယ်လိုထားရမလဲ စဉ်းစားမနေပါနဲ့တော့။ မေးထောက်ပြီးသာ ဒီလိုလေး ပို့စ်ပေးလိုက်ပါ။

အိတ်ကပ်ပါတဲ့ ဘောင်းဘီဝတ်ထားတယ်ဆိုရင် လမ်းလျှောက်လာတဲ့ပုံလေးလုပ်ပြီး လက်တစ်ဖက်က ဘောင်းဘီအိတ်ကပ်ထဲထည့်၊ နောက်လက်တစ်ဖက်က အိတ်ကြိုးကို ကိုင်ထားပြီး ပို့စ်ပေးကြည့်ပါ။

ပို့စ်တွေသိပ်မလုပ်တတ်ဘူးဆိုရင်တော့ ဒီပို့စ်လေးသာ ရိုက်ကြည့်ပါ။ လုပ်ရတာလွယ်ပြီး ချစ်ဖို့လည်းကောင်းပါတယ်။

လက်ဘယ်နားထားရမှန်းမသိဘူး၊ ထွေထွေထူးထူးပို့စ်တွေလည်း သိပ်မလုပ်တတ်ဘူးဆိုရင် ဒီလိုလေးလည်း ပို့စ်ပေးလို့ရပါတယ်။ ချစ်ဖို့ကောင်းတဲ့ cute type လေးပါ။

စတိုင်လ်ကျပြီး လှနေမယ့် ပို့စ်မျိုးဖြစ်ပါတယ်။ လက်ဘယ်နားထားရမှန်းမသိရင် ဒီပို့စ်လေးကို try ကြည့်ဖို့ highly recommend ပေးပါတယ်။

ဒီပို့စ်လေးဆိုရင် စမတ်ကျပြီးလှနေမယ့် ပို့စ်မျိုးပါ။ ဘောင်းဘီရှည်လေးတွေ၊ mini skirt လေးတွေဝတ်ထားရင် ဒီပို့စ်လေးသာ လုပ်ကြည့်ပါ။

Photo source:www.pinterest.com