Kim Ah Hyun က ကိုးရီးယား မော်ဒယ် တစ်ဦးဖြစ်ပြီး New Normal Zine ဆိုတဲ့ ဒရာမာ ဇာတ်လမ်းထဲမှာ ဇာတ်ပို့အနေနဲ့ သရုပ်ဆောင်ထားပါသေးတယ်။ သူမက မော်ဒယ်လောကထဲကို ၂၀၁၈ မှာ ဝင်ရောက်ခဲ့သူပါ။ သူမရဲ့ Instagram name က kim.a.hyun ဖြစ်ကာ ဒီ Account မှာ အမိုက်စား ဓာတ်ပုံတွေကို တင်လေ့ရှိပါတယ်။
ဒီတော့ စိုပြေတဲ့ အသားအရေ၊ အထာကျတဲ့ ဖက်ရှင်တွေကြောင့် အမြဲထင်ပေါ်နေတတ်တဲ့ Kim Ah Hyun ရဲ့ပို့စ်ပေးနည်းတွေကို ကြည့်လိုက်ရအောင်နော်-
အပေါ်စည်းက ဓာတ်ပုံရိုက်တာ
သင့်ဓာတ်ပုံရှုထောင့်ကို တမူထူးခြားအောင် ပြောင်းလဲချင်ရင် Kim Ah Hyun လို ရိုက်ကြည့်နိုင်ပါတယ်။
ထောက်စရာ နေရာရှိရင်
လက်ကို ဒီအတိုင်းချမထားဘဲ တစ်နေရာရာမှာ လက်ထောက်ပြီး တခြားဘက်ကို ကြည့်နေတာကလည်း အထာကျပါတယ်။
ဆံပင်လေးကို ကိုင်ထားတာ
သင့်လက်တစ်ဘက်ကို နဖူးပေါ်နား ကိုင်ထားလိုက်တာကလည်း ချစ်ဖို့ကောင်းတဲ့ ပို့စ်ပါ။
ဆံပင်ကို ဦးစားပေးပြီး ခပ်မိုက်မိုက်ပို့စ်
Good Hair day တွေမှာ ဒါမျိုး ပို့စ်ပေးနိုင်ပါတယ်။
လမ်းလျှောက်ပြီး ရယ်နေတဲ့ပို့စ်
သဘာဝကျတဲ့ လူငယ်ဆန်ဆန်ပို့စ်ပေးနည်းပါ။
အိတ်ကိုကိုင်ထားတာ
သင့်အိတ်ကို လက်တစ်ဘက်နဲ့ ကိုင်ထားလိုက်တဲ့အခါ လက်ဘယ်နားထားရမလဲဆိုတဲ့ ဒုက္ခလည်း မဖြစ်တော့ပါဘူး။
အောက်ဘက်ငုံ့နေတာ
ကင်မရာကို မကြည့်ချင်ဘူးဆိုရင် ခေါင်းငုံ့ထားကာ အိတ်ကို ကိုင်ထားနိုင်ပါတယ်။
ခေါင်း စောင်းထားတဲ့ပို့စ်
အိတ်ကို လက်နှစ်ဘက်နဲ့ ကိုင်ထားကာ ခေါင်းလေးစောင်းနေတာကလည်း သိပ်ကြိုးစားစရာ မလိုတဲ့ ပို့စ်ပါ။
အောက်ဘက်ပစ္စည်းရှာနေတဲ့ပုံစံ
အင်္ကျီကို လက်နှစ်ဘက်နဲ့ ကိုင်ထားကာ အောက်ဘက်ပစ္စည်းရှာနေတဲ့ပို့စ်ကလည်း အသုံးများတဲ့ ပို့စ်ပါပဲ။
ဆံပင်ကို သပ်လိုက်တဲ့ ပုံစံ
Snapshot ပုံစံ သဘောကျရင် ဒီပို့စ်က အိုင်ဒီယာကောင်းပါ။
ပခုံးကနေ ကျော်ကြည့်နေတဲ့ပုံစံ
ထိုင်လျက် လက်ကို ဆန့်ထားကာ ပခုံးကနေ ကျော်ကြည့်တဲ့ပို့စ်ကလည်း သဘာဝကျပါတယ်။
သင်အကြိုက်ဆုံး Kim Ah Hyun ရဲ့ ပို့စ်က ဘယ်ပို့စ်ဖြစ်မလဲ ပြောပြခဲ့ပါဦး။
Photo source: Pinterest
by MyStyle Myanmar