ပူပြင်းလှတဲ့ရာသီဥတုမှာ အဖြစ်များတဲ့ အရာတစ်ခုက မျက်နှာပေါ်မှာ အဖုအပိန့်တွေထွက်ခြင်း ၊အသားအရေ ခြောက်သွေ့ ပျက်စီးခြင်း ၊ ဝက်ခြံနဲ့ နေလောင်ဒဏ်တွေဖြစ်ပေါ်ခြင်း စတဲ့ အသားအရေပျက်စီးခြင်းပြဿနာတွေကို အများဆုံးတွေ့ကြုံခံစားရတတ်ပါတယ်။ ဒါကြောင့် အသားအရေလေး ကြည်လင်လှပနေစေဖို့အတွက် ပူပြင်းတဲ့အချိန်တွေမှာအသားအရေပျက်စီးခြင်းပြဿနာတွေကို အကောင်းဆုံးထိန်းသိမ်းကာကွယ်နိုင်ဖို့ ဒီအချက်လေးတွေကို လိုက်နာကျင့်သုံးကြရအောင်…

ဂျီးချွတ်သန့်စင်ပေးပါ

နေ့စဉ်နဲ့အမျှ အသားအရေဟာ နေရောင်ခြည်ဒဏ်တွေအပြင် ဖုန်နဲ့ အညစ်အကြေးတွေ တိုက်ရိုက်ထိတွေ့နေရတာကြောင့် အရေပြားပေါ်မှာ အညစ်အကြေးတွေစုံပုံလာတက်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဝက်ခြံတွေ အဖုအပိန့်တွေ တင်းတိပ်တွေ ဖြစ်ပေါ်လာပြီး အသားအရေးကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေပါတယ် ။ဒါကြောင့် တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ်လောက် ဂျီးချွတ်သန့်စင်ပေးသင့်ပါတယ်။

မဖြစ်မနေ အပြင်သွားရမယ်ဆိုရင် ဒါတွေကို ဆောင်သွားဖို့ မမေ့ပါနဲ့

နေ့လည် (၁၁) နာရီကနေ ညနေ (၃) နာရီကြားက ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးအချိန်တစ်ခုဖြစ်တာကြောင့် အဲ့ဒီအချိန်အတောအတွင်း တတ်နိုင်သလောက် အပြင်သွားခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ မဖြစ်မနေသွားရမယ်ဆိုရင်လည်း အင်္ကျီလက်ရှည်၊ ထီး၊ ဦးထုပ်စတဲ့ အကာကွယ်ပစ္စည်းတွေယူသွားဖို့ မမေ့ပါနဲ့။

ရေဓာတ်လုံလောက်အောင် ဖြည့်ပါ

အသားအရေခြောက်သွေ့ပျက်စီးမှုတွေကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက ရေဓာတ်ဖြည့်ခြင်းပဲ့ဖြစ်ပါတယ်။ နေ့စဉ်ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ ရေဓာတ်ပမာဏကို သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ ရေသောက်များခြင်းအားဖြင့် အသားအရေကို အကောင်းဆုံး အစိုဓာတ်ထိန်းပေးကာ အသားအရေနဲ့ပတ်သက်တဲ့ ပျက်စီးမှုပြဿနာတွေကို တွန်းလှန်ပေးပါလိမ့်မယ်။ ကြည်လင်လှပတဲ့ အသားအရေကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ရေများများသောက်ပေးပါ။

Sunscreenကို အမြဲလိမ်းပေးပါ။

ခရမ်းလွန်ရောင်ခြည်ဒဏ်ဟာ အဆိုးရွားဆုံးအသားအရေပျက်စီးစေတဲ့ အရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်နှာပေါ်မှာ တင်းတိပ်နဲ့ ဝက်ခြံတွေဖြစ်စေနိုင်တဲ့အပြင် အရေပြားကင်ဆာကိုပါ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့် နေပူထဲသွားလာရတဲ့သူတွေအနေနဲ့ Sunscreenကို မဖြစ်မနေလိမ်းပေးဖို့ အကြံပြုချင်ပါတယ်။

Night ခရင်မ်လိမ်းပေးပါ

တစ်နေ့လုံး နေပူထဲသွားလာလှုပ်ရှားခဲ့ရတဲ့အတွက် ညဘက်မှာ အသားအရေကို အကောင်းဆုံးပြန်လည် အားဖြည့်ပေးဖို့ လိုအပ်ပါတယ်။ နေလောင်ဒဏ်တွေကြောင့် မွဲခြောက်နေတဲ့ အသားအရေကို ပြန်လည်ကုစားဖို့ အစိုဓာတ်များများပါတဲ့ Night ခရင်မ်တွေ အသားအရေကို အေးမြလန်းဆန်းစေတဲ့ ရှားဇောင်းလက်ပတ်ခရင်မ် စတာမျိုးလိမ်းပြီး အိပ်ဖို့လိုအပ်ပါတယ်။