တက်တူးထိုးရတာ စိတ်ဝင်စားတဲ့ ပျိုမေတို့အားလုံးပဲ မင်္ဂလာပါနော်။ တက်တူးကို ခန္ဓာကိုယ်ပေါ်က အခြားအစိတ်အပိုင်းတွေထက် ခြေကျင်းဝတ်နေရာလေးမှာ ထိုးဖို့စဉ်းစားနေတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲနော်။ ဒီတစ်ခေါက်မှာ ခြေကျင်းဝတ်နေရာတစ်ဝိုက် တက်တူးချင်ပေမယ့် ဒီဇိုင်းစဉ်းစားရခက်နေသူတွေအတွက် နမူနာယူနိုင်မယ့် အရမ်းလှတဲ့ ခြေကျင်းဝတ်တက်တူးပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဘောင်းဘီ၊ ဖိနပ်တို့နဲ့အလွယ်တကူ ကွယ်နိုင်တဲ့နေရာဖြစ်တာမို့ ထိုးထားမှန်းမသိသာချင်တဲ့သူတွေအတွက်လည်း အဆင်ပြေမှာပါ။

ဒီလိုရေခဲမုန့်ပုံစံလေးက လူငယ်ဆန်ပြီး ချစ်စရာကောင်းတဲ့ Vibe မျိုးရချင်သူတွေအတွက် ကွက်တိပါပဲ။ နွေရာသီ Outfit လေးတွေနဲ့တွဲပြီး ကြည့်လို့လှစေမယ့် ဒီဇိုင်းလေးဖြစ်ပါတယ်။

စိတ်ကူးယှဉ်ဆန်တဲ့ အာကာသအစိတ်အပိုင်းလေးတွေ စိတ်ဝင်စားရင်တော့ ဒီလိုဒီဇိုင်းလေးက အဆင်ပြေမှာပါ။


မျက်လှည့်ပြနေသလို ပုံစံတက်တူးလေးကလည်း တစ်မျိုးလေးဆန်းပြီး ထူးခြားတဲ့ဒီဇိုင်းလေးပါ။


အသည်းပုံဒီဇိုင်းတွေက ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများမှာ ထိုးလို့လှပါတယ်။ ရိုးရိုးရှင်းရှင်းပုံစံလေးရွေးထိုးချင်တယ်ဆိုရင်တော့ အသည်းပုံလေး ထိုးတာမျိုးလုပ်ကြည့်ပါ။


ခြေကျင်းဝတ်က ပန်းထက် အပင်ဒီဇိုင်းလေးနဲ့ ပိုလိုက်ပါတယ်။ အပင်ရဲ့ အခက်လေးတစ်ခက်လို ပုံလေးထိုးကြည့်ပါ။

လိပ်ပြာပုံလေးတွေက ဘယ်တော့မှမရိုးတဲ့ ဒီဇိုင်းလေးတွေဖြစ်ပါတယ်။ တစ်ကောင်ထဲပုံစံလည်းလှသလို ခြေကျင်းဝတ်မှာ လိပ်ပြာလေးတွေဝဲနေသလို ပုံစံလေးကလည်း ကြည့်လို့ကောင်းစေမှာပါ။


တော်တော်များများက Motivation ရမယ့် စကားလုံးလေးတွေ၊ သီချင်းစာသားတွေ စတဲ့စာစုတစ်ခုပုံစံ တက်တူးထိုးရတာကို ကြိုက်တတ်ကြပါတယ်။ ဒီလိုပုံစံလေးက အဓိပ္ပာယ်လည်းရှိသလို ကိုယ်တိုင်သာသိနိုင်မယ့် အမှတ်တရတစ်ခုဖြစ်စေမှာပါ။


နက္ခတ်ဗေဒအကြောင်း စိတ်ဝင်စားတဲ့သူတွေအတွက် ဒီလို Zodiac Sign သင်္ကေတတက်တူးလေးတွေ ထိုးတာက အရမ်းအဓိပ္ပာယ်ရှိစေမှာပါ။


ကိုယ်နှစ်သက်တဲ့အကောင်ပုံစံလေးတွေကလည်း ခြေကျင်းဝတ်မှာထိုးလို့လှမယ့် ဒီဇိုင်းတွေပါပဲ။ ဒါကြောင့်မို့ ကိုယ်ချစ်တဲ့အကောင်းပုံလေးတွေထိုးထားမျိုး လုပ်ကြည့်ပါ။


ဒီလို Foot Chain ပုံစံလေးထိုးတာကလည်း Accessories သီးသန့်ဝတ်စရာမလိုဘဲ တစ်မျိုးလေးကြည့်ကောင်းစေမှာပါ။


ရိုးရိုး Chain ထက် တစ်ဆင့်မြင့်ချင်ရင်တော့ ဒီလို ပန်းတွေနဲ့ လုပ်ထားတဲ့ Foot Chain ပုံစံလေးကို တက်တူးအနေနဲ့ ထိုးကြည့်နိုင်ပါတယ်။

Photo Source: cosmo.ph, preview.ph, Pinterest

By MyStyle Myanmar