လူတိုင်းနီးပါမှာ Relationship နဲပတ်သက်လို့ ပြဿနာတွေရှိတတ်ကြပါတယ်။ တခါတလေ လက်လျှော့ပြီး လမ်းခွဲလိုက်ဖို့က ပြသာနာတွေကိုဖြေရှင်းပြီး နားလည်မှုယူတာထက် အများကြီး ပိုလွယ်ပါတယ်။ တကယ်လို့ သင်ချစ်တဲ့သူနဲ့ တစ်ဘဝလုံး လက်တွဲဖို့ရည်ရွယ်ထားတယ်ဆိုရင်တော့ ပြဿနာတွေ ရင်ဆိုင်ဖြေရှင်းဖို့ အသင့်ဖြစ်နေရပါမယ်။ ဒီနေ့ဆောင်းပါးမှာတော့ ချစ်ရတဲ့သူနဲ့ တစ်ဘဝလုံး လက်တွဲဖို့အတွက် ကျော်ဖြတ်ရလေ့ရှိတဲ့ အခက်အခဲတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဝေဖန်အပြစ်တင်တာ

မိမိကိုလာပြီး ဝေဖန်အပြစ်တင်တာကို မည်သူမှမကြိုက်ကြပါဘူး။ ကိုယ်ချစ်တဲ့သူက လာပြောရင်ပိုဆိုးပါသေးတယ်။ သင့်ရဲ့ပါတနာကို ဝေဖန်တာက သူတို့ဆီမှာတစုံတခု မှားယွင်းမှုရှိနေတယ်လို့ ဆိုလိုတာနဲ့တူပါတယ်။ “မင်းကအမြဲတမ်းပဲ” ဆိုတဲ့ စကားနဲ့ “မင်းကဘယ်တော့မှ” ဆိုတဲ့ စကားတွေနဲ့ အစပြုတဲ့ ဝေဖန်အပြစ်တင်မှု တွေဟာ အကောင်းဖက်ကို ဦးတည်သွားလေ့ မရှိပါဘူး။ ဒီလိုမဖြစ်စေဖို့အတွက် ဝေဖန်အပြစ်တင်တာတွေအစား ဆွေးနွေးပြောဆိုတာတွေ ပြုလုပ်သင့်ပါတယ်။

တခြားတယောက်ယောက်ကို ဆွဲဆောင်တာ

ဖောက်ပြန်ခြင်းနဲ့ပတ်သက်တဲ့အပေါ်မှာ ခံစားချက်အလွန်အကျွန်မထားပဲနဲ့ ကိုယ်လုပ်နေတဲ့ အလုပ်ပေါ်မှာပဲ အာရုံစိုက်သင့်ပါတယ်။ သင့်ပါတနာအပေါ် ယုံကြည်မှု ထားပေးလိုက်ပါ။ ယုံကြည်မှု ဆိုတာ Relationship တစ်ခုမှာ အလွန်အရေးပါပါတယ်။

ပေါက်ကွဲခြင်း

ပိုက်ဆံ၊ မိသားစု နဲ့ လူမှုရေးပြဿနာတွေ အားလုံးပေါင်းပြီး ရင်ဆိုင်ရတဲ့ အချိန်မှာ ဒေါသအိုး ပေါက်ကွဲတတ်ကြပါတယ်။ ဒီလိုကြုံလာတဲ့ အချိန်အမှာ လူ့လောကကြီးကနေ ထွက်ခွာချင်စိတ်တွေ ရှိလာတတ်ပါတယ်။ ဒီပြဿနာတွေက စုံတွဲတွေတိုင်းမှာ ဖြစ်တတ်ကြပါတယ်။ ဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်လာရပြီဆိုရင် ဒီစိန်ခေါ်မှုတွေက ဘဝရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး မကြာခင် ပြီးသွားမယ်ဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။

ဒီလိုကြီးမားတဲ့ အခတ်အခဲတွေကို နှစ်ယောက်သားရင်ဆိုင်ကျော်ဖြတ်နိုင်မယ်ဆိုရင် သင်တို့နှစ်ယောက်ရဲ့ သံယောဇဉ်က ပိုမိုခိုင်မာ လာပါလိမ့်မယ်။ ပြဿနာကို ရှောင်ပြေးဖို့ မကြိုးစားပါနဲ့။ ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားပါ။

နားလည်ခွင့်လွှတ်ခြင်း

ဒီအဆင့်ကို ကျော်ဖြတ်နိုင်ပြီဆိုရင်တော့ သင်တို့နှစ်ယောက်ရဲ့ Relationship က ကောင်းမွန်တဲ့ အဆင့်ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။ တခြားသူတွေရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးရတာဟာ လွယ်ကူတဲ့ အရာမဟုတ်ပါဘူး။ အထူးသဖြင့် ကိုယ်ချစ်တဲ့သူတွေက မိမိကို နာကျင်အောင် လုပ်ထားရင်ပေါ့။ ဒါပေမယ့် အကောင်းတွေကိုလက်ခံပြီး အဆိုးတွေကို ခွင့်လွှတ်ပေးခြင်းက သင်တို့နှစ်ယောက်ရဲ့ သံယောဇဉ်ကို ပိုမိုခိုင်မှာလာစေပါတယ်။