ဓာတ်ပုံရိုက်ရင် အထာကျကျပုံလေးတွေ ရိုက်ရတာကို သဘောကျတဲ့ လူငယ်ကောင်မလေးတွေအတွက် instagramic ဖြစ်နေစေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

Insta girl လေးတွေ ထိုင်ရိုက်ပြီး ပို့စ်ပေးနေကျ ပုံစံလေးပါ။ ကိုယ်ဝတ်ထားတဲ့ ဖက်ရှင်ကိုပါ ပိုပြီးမိုက်သွားစေမယ့် ပို့စ်မျိုးဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာ မျက်မှန်လေးတွေတပ်ပြီး ရိုက်တာက အရမ်းခေတ်စားလာပါတယ်။ မျက်မှန်တပ်ရိုက်ရင် ပုံမှန်ထက်လည်း ပိုပြီးမိုက်သွားစေတာတော့ အမှန်ပါပဲ။ ဒီပို့စ်လေးဆိုရင်လည်း အရမ်းမိုက်တဲ့ ပို့စ်ပါပဲ။

မျက်မှန်ကို ဒီလိုလေး လက်နှစ်ဖက်နဲ့ ကိုင်ပြီးတော့လည်း ပို့စ်ပေးကြည့်ပါ။

အထာကျပြီးမိုက်နေစေမယ့် ပို့စ်ပေးနည်းပါပဲ။ လုပ်ရတာလည်း အရမ်းလွယ်ပါတယ်။

ဒီပို့စ်လေးဆိုရင် insta girl လေးတွေကြားမှာ အရမ်းရေပန်းစားတဲ့ ပို့စ်မျိုးဖြစ်ပါတယ်။

ဝတ်ထားတဲ့ဖက်ရှင်ကိုပါ ပိုပြီးမိုက်သွားစေမယ့် ပို့စ်မျိုးဖြစ်ပါတယ်။ မျက်မှန်နဲ့ဆို လုံးဝ perfect ဖြစ်နေမယ့် ပို့စ်ပါ။

ဒီလိုအနောက်လှည့်ကြည့်တဲ့ ပို့စ်လေးတွေကိုလည်း ရိုက်ကြည့်ပါ။ အရမ်းမိုက်ပါတယ်။ ဝတ်ထားတဲ့ ဖက်ရှင်ပေါ်မူတည်ပြီး look ပြောင်းလဲသွားမှာပါ။

အထာကျပြီး လုံးဝကို မိမိုက်နေမယ့် ပို့စ်မျိုးပါပဲ။ ဒီလိုပို့စ်မျိုးကျတော့ ဖက်ရှင်နဲ့ မျက်နှာထားက အသက်ပါပဲ။

အရှေ့တည့်တည့်ကြီးပဲ ထိုင်ရိုက်ရတာရိုးလာရင် ဒိလိုလေးထိုင်ပြီး ဘေးကနေရိုက်ခိုင်းပါ။ လုံးဝကို instagramic ဖြစ်နေမယ့် ပို့စ်ဖြစ်ပါတယ်။

ဒီပို့စ်ဆိုလည်း လုံးဝကို instagramic ဖြစ်ပြီး အထာကျကျနဲ့ မိုက်နေမယ့် ပို့စ်မျိုးပါ။ Lighting ကောင်းတဲ့နေရာမှာသာ ရွေးပြီးရိုက်ရင် perfect ဖြစ်တဲ့ ပုံကောင်းတစ်ပုံ ထွက်လာမှာပါ။

Photo source:www.pinterest.com