လူတစ်ယောက် လုပ်နေတဲ့ အလေ့အကျင့်တွေက ဘာမှမဟုတ်ဘူး ထင်ရပေမယ့် တစ်ချိန်ချိန်မှာ ကိုယ့်ကို ဖျက်ဆီးပစ်နိုင်သလို ကိုယ့်ဘဝကို ပေါက်ပေါက်မြောက်မြောက် တိုးတက်ဖို့ ကူညီပေးနိုင်ပါတယ်။ ဥပမာ အဆီများတဲ့ အစားအသောက်ကို နေ့တိုင်း စားလေ့ရှိသူက ဝိတ်တက်စေလာနိုင်သလို လေ့ကျင့်ခန်းကို နေ့တိုင်း ၁၀ မိနစ်ဆီ လုပ်တတ်သူက ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တာ စတာတွေက အလေ့အကျင့်တွေရဲ့ သက်ရောက်မှုပါ။

ဒီတစ်ခေါက်မှာတော့ အလေ့အကျင့် သေးသေးလေးပေမယ့် သင့်ဘဝတစ်ချိုးတကွေ့ကို ပြောင်းလဲပေးနိုင်မယ့် အပြုအမူတွေကို ဖော်ပြပါရစေ။

၁။ မတိုင်ခင် ညတည်းက အားကစားအင်္ကျီတွေကို အဆင်သင့်ပြင်ထားတာ

အလေ့အကျင့်ကောင်းတွေထဲမှာ လေ့ကျင့်ခန်းလုပ်တာလည်း ပါဝင်ပါတယ်။ သင်က ပုံမှန်လေ့ကျင့်ခန်း လုပ်တတ်သူဆိုရင် မတိုင်ခင်အချိန်တည်းက အားကစား ဝတ်စုံတွေကို ကြိုထုတ်ထားသင့်ပါတယ်။ ဒီလိုဆိုရင် အားကစားလုပ်ဖို့ ပျင်းတဲ့ ရက်တွေမှာတောင် အင်္ကျီကို မြင်ပြီး အားကစား လုပ်ချင်စိတ် ပေါ်လာမှာပါ။

၂။ မနက်အစမှာ Social Media မသုံးတာ

မနက်နိုးတာနဲ့ ဖုန်းကောက်ကြည့်တာက တော်တော်များများမှာ အကျင့်တစ်ခု ဖြစ်လာပါတယ်။ ဒီလိုကြည့်တာက သင့်အတွက် အချိန်ကုန်ပြီး အကျိုးမရှိသလို Social Media ပေါ်က အကြောင်းအရာတွေကြောင့် တစ်နေ့လုံးစာ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

၃။ နိုးတာနဲ့ အိပ်ယာသိမ်းတာ

အိပ်ရာကို ရှင်းလင်းအောင်ထားတဲ့ အလေ့အကျင့်သေးသေးလေးက သင့်ကို စိတ်ချမ်းသာစေမှာပါ။ ဒီလိုပဲ မနက်ပိုင်းမှာ အိပ်ရာသိမ်းတယ်ဆိုတဲ့ အောင်မြင်မှုလေးက သင့်စိတ်ကို အားဖြည့်သလို ဖြစ်စေမှာပါ။

၄။ ပုံမှန်လမ်းလျှောက်တာ

လမ်းလျှောက်ခြင်းက သင့်ကျန်းမာရေးကို အဘက်ဘက်က ကောင်းမွန်စေပါတယ်။ လမ်းလျှောက်တာကြောင့် ဝိတ်ကျစေသလို စိတ်ပျော်ရွှင်ခြင်းကိုပါ ခံစားရစေနိုင်ပါတယ်။

၅။ အသီးအရွက်ကို အခြေခံပြီး ပိုစားတာ

သင်ဘာစားစား အသီးအရွက် ပါအောင် စားပေးတဲ့ အကျင့်ကို မွေးမြူသင့်ပါတယ်။ ဟင်းသီးဟင်းရွက်တွေက သင့်ကို ဗိုက်ပြည့်စေသလို ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ဘာစားစား အသီးအရွက်ပိုထည့်ပြီး စားသင့်ပါတယ်။

၆။ To-do List လုပ်ဖို့ အချိန်သတ်မှတ်ထားတာ

တစ်နေ့တာ ဘာလုပ်ရမလဲ အစီအစဉ်မဆွဲတတ်သူက ကျရှုံးခြင်းဆိုတဲ့ အရာကို ဖိတ်ခေါ်နေသလိုပါပဲ။ တစ်နေ့တာ ဘာလုပ်ရမလဲ List လုပ်ထားတဲ့အခါ သင့်ကို ပို Productive ဖြစ်စေပါတယ်။ ဥပမာ- ၉ နာရီ၊ ၁၁ နာရီ စသဖြင့် ဘယ်အချိန်မှာ To-do list ရေးမယ်ဆိုပြီး ဆုံးဖြတ်ထားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar