လှေကားမှာ ဓာတ်ပုံရိုက်ရင် ထိုင်ပြီးပဲဖြစ်ဖြစ်၊ မတ်တပ်ရပ်ပြီးပဲဖြစ်ဖြစ် ပို့စ်ပေးလို့ရတယ်ဆိုပေမယ့်လည်း ထိုင်တာအဆင်မပြေရင် မလှပါဘူး။ မတ်တပ်ရပ်တာလည်း တောင့်တောင့်ကြီးနဲ့ ပို့စ်မပေးတတ်ရင် ပုံကောင်းမထွက်ပါဘူး။ ဒါကြောင့် မိန်းကလေးတွေအတွက် လှေကားမှာဓာတ်ပုံရိုက်တဲ့အခါ အသုံးဝင်စေမယ့် ပို့စ်အိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။

ပို့စ်သိပ်မလုပ်တတ်လည်း လှေကားကျယ်ရင် ဒီလိုလေးထိုင်ရိုက်ကြည့်ပါ။ တစ်မျိုးလေး ချစ်ဖို့ကောင်းနေပါလိမ့်မယ်။

အထာကျကျပုံလေး ထိုင်ရိုက်ချင်ရင်တော့ ဒီပို့စ်လေးကို လုပ်ကြည့်ပါ။

Insta ဆန်ဆန်နဲ့ အထာကျပြီးမိုက်နေမယ့် ပို့စ်မျိုးဖြစ်ပါတယ်။ ကိုယ်ဝတ်ထားတဲ့ ဖက်ရှင်ကိုလည်း ပိုပြီးပေါ်လွင်စေပါတယ်။

ဒီပို့စ်လေးရိုက်မယ်ဆိုရင် နေကာမျက်မှန်လေးပါ တပ်ပြီးရိုက်ပါ။ ပိုမိုက်ပြီး အထာကျပါတယ်။

Seulgi ရဲ့ ဒီပို့စ်လေးတွေဆိုရင် လုံးဝအဆွေးတစ်လိုင်းပုံလေးနဲ့ တူပါတယ်။ မိုက်လည်းမိုက်တာကြောင့် ညဘက်တွေ၊ ညနေဘက်တွေ ရိုက်မယ်ဆိုရင် ဒီပို့စ်လေးတွေကိုသာ ရိုက်ကြည့်ပါ။

လှေကားကျယ်ရင် ဒီလိုလေးထိုင်ပြီး ပို့စ်ပေးပါ။ ရိုက်တဲ့သူက ဘေးဘက်လေးက ရိုက်ပေးပါ။

လုံးဝကို ဆွဲဆောင်မှုရှိပြီး ကျော့ရှင်းနေမယ့် ပို့စ်ပါပဲ။ ပွဲတက်ဂါဝန်တွေဝတ်ထားရင် လှေကားမှာ ဒီလိုလေးသာ ပို့စ်ပေးကြည့်ပါ။

လှေကားပေါ်တက်နေတဲ့ပုံလေးကို ဒီလိုပို့စ်မျိုးနဲ့ ရိုက်ကြည့်ပါ။ အထာကျပြီး အရမ်းမိုက်ပါတယ်။

လှေကားမှာ ဒီလိုလေးခြေထောက်တစ်ဖက် ဆန့်ချပြီး ပို့စ်ပေးတာမျိုးက အရပ်ပိုရှည်သလို ဖြစ်သွားစေတာကြောင့် အရပ်ပုတဲ့သူတွေ ရိုက်သင့်တဲ့ ပို့စ်ဖြစ်ပါတယ်။ မိုက်လည်းမိုက်သလို ပုံကောင်းလည်း ထွက်လာမှာသေချာပါတယ်။

Photo source:www.pinterest.com