သင်က တခြားသူတွေရဲ့ ပုံတွေ ကြည့်လိုက်တိုင်း အရမ်းမိုက်တယ်၊ ငါရိုက်လိုက်တိုင်း ဘာလို့အဲ့လိုပုံ မရတာလဲလို့ တွေးဖူးလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ Social Media ပေါ်က ပုံအမိုက်စားတွေကို ပိုင်ဆိုင်ကြတဲ့ တခြား ကောင်မလေးတွေလိုပဲ သင်လည်း ပုံလှလှလေးတွေ ပိုင်ဆိုင်နိုင်ပါတယ်။ ဘယ်လိုရိုက်ရမလဲ စိတ်ကူးကောင်းတွေ ရှိဖို့ပဲ လိုအပ်ပါတယ်။

ဒီတော့ အမိုက်စား Selfie ပုံတွေ ရဖို့ ဘယ်လိုပို့စ်ပေးနိုင်မလဲ၊ ဘယ်လို ဖန်တီးနိုင်မလဲ ကြည့်လိုက်ရအောင်နော်-

ရှုထောင့်ကို ပြောင်းလဲကာ Selfie ဆွဲပါ

သင့်ခေါင်းကို ဘယ်ညာ စောင်းတာကို တစ်လှည့်စီ စောင်းပြီး ဘယ်ဘက်က ပိုလှလဲ ကြည့်ထားသင့်ပါတယ်။ ဒီလိုစောင်းလိုက်တာကြောင့် ပါးပေါ်မှာ အလင်းရောက်ကာ Selfie ပုံ ပိုလှသွားစေပါတယ်။

သဘာဝ အလင်းရောင်

Selfie လှလှလေးတွေကို ပိုင်ဆ်ိုင်ဖို့ သဘာဝ နေအလင်းရောင် အကူအညီကို ယူသင့်ပါတယ်။ နေအလင်းရောင် ပါမယ်ဆိုရင် မိတ်ကပ်မလိမ်းတောင် ပုံထဲ သင်လှနေနိုင်ပါတယ်။

တိလေးတွေကိုပါ ထည့်ပါ

သင့် Selfie သဘာဝပိုကျဖို့ ပြုလုပ်နိုင်တာကတော့ သင်ချစ်ရတဲ့ တိလေးတွေနဲ့ပါ ဓာတ်ပုံရိုက်တာပါ။ တိလေးတွေရဲ့ ချစ်ဖို့ကောင်းတဲ့ အရှိန်နဲ့ သင့်ပုံပါ ပိုလှသွားပါလိမ့်မယ်။

အလင်းများတာကို သတိထားပါ

သဘာဝ အလင်းရောင်ကို ယူသင့်ပေမယ့် နေထိုးလွန်းတဲ့ နေရာ၊ မီးအလင်းရောင်များလွန်းတဲ့ နေရာတွေကို ရှောင်သင့်ပါတယ်။

Mirror Selfie ဆွဲပါ

တစ်ခါတလေ မျက်နှာကို ဦးစားပေးတဲ့ Selfie ပုံတွေ မရိုက်ချင်တဲ့ အချိန်တွေ ရှိပါတယ်။ ဒီလိုအချိန် Mirror Selfie ဆွဲသင့်ပါတယ်။

Filter ရွေးချယ်ပါ

သင်က ဓာတ်ပုံလှလှလေး၊ Selfie လှလှလေး လိုချင်ရင် အမြဲဓာတ်ပုံရိုက်နေဖို့ လိုပါတယ်။ ဒီလိုရိုက်ရင်းနဲ့ ကိုယ်နဲ့ အလိုက်ဖက်ဆုံး Filter ကိုပါ ရှာနေသင့်ပါတယ်။ သင်နဲ့ အလှဆုံး Filter ကိုရရင် ဒါနဲ့ပဲ ဆက်ရိုက်သင့်ပါတယ်။

သင့်နောက်ခံပတ်ဝန်းကျင်ကို ရှင်းလင်းအောင်ထားပါ

Selfie လှလှလေး ရဖို့အတွက် သင့်စတိုင်အပြင် နောက်ခံ ပတ်ဝန်းကျင်ကလည်း စကားပြောပါတယ်။ နောက်ခံမလှရင် Selfie ရိုက်တဲ့အခါ လှလှပပ မထွက်လာတာမျိုး ဖြစ်တတ်ပါတယ်။

အမျိုးမျိုး ပို့စ်ပေးကြည့်ပါ

Selfie ပုံလှလှလေး လိုချင်ရင် သင့်အရှက်တွေကို ခဏ မေ့ထားဖို့ လိုပါတယ်။ နှုတ်ခမ်းဆူတာ၊ မျက်လုံးမှိတ်တာ အမျိုးမျိုး ပို့စ်ပေးကြည့်သင့်ပါတယ်။ ဒီလို လုပ်ရင်းနဲ့မှ သင်နဲ့ အလှဆုံးပုံစံကို သိလာမှာပါ။

Accessories တွေဝတ်ပါ

ဦးထုပ်၊ ဆွဲကြိုး၊ နေကာမျက်မှန် စတဲ့ Accessories တွေက Selfie ဆွဲတဲ့အခါ အသုံးဝင်လာပါတယ်။ သင့်ကို ပုံစံတစ်မျိုးရအောင် ပြောင်းလဲပေးနိုင်တာ Accessories တွေပါ။

Edit ကို လိုတာထက် လုပ်တာမျိုး ရှောင်ပါ

ပုံက Filter ထည့်တာ လှပေမယ့် လိုတာထက် ပိုထည့်တာမျိုးကိုတော့ ရှောင်သင့်ပါတယ်။ မဟုတ်ရင် သင့် Selfie က သဘာဝ မကျ ဖြစ်နေပါလိမ့်မယ်။

Photo Source: Pinterest

by MyStyle Myanmar