အမြဲတမ်း stress တွေများနေတဲ့သူတွေအတွက် စိတ်ပညာရှင်တွေကိုယ်တိုင် လုပ်လေ့ရှိတဲ့ stress တွေကိုလျှော့ချတဲ့ နည်းလမ်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။ တကယ်တော့ နည်းလမ်းတွေက အများကြီးရှိပါတယ်။ အဲ့ထဲကမှ လူတိုင်းလုပ်နိုင်မယ့် ၅ ခုကိုပဲ ရွေးချယ်ပေးလိုက်ပါတယ်။
စိတ်ထဲဖြစ်နေတာတွေကိုချရေးပါ
စိတ်ထဲမှာဖြစ်နေတာတွေကို တွေးနေရင် ပိုပြီး stress တွေပိလာမယ်၊ စိတ်တွေမွန်းကြပ်လာပါမယ်။ ဒါကြောင့် စာအုပ်ထဲမှာ စိတ်ထဲဖြစ်နေသမျှ၊ ပေါ်လာသမျှ၊ မကျေနပ်တာတွေအကုန် ချရေးလိုက်ပါ။ ဒီလိုချရေးလိုက်ခြင်းအားဖြင့် စိတ်ပေါ့ပါးသွားပြီး နေလို့ကောင်းသွားတယ်၊ မွန်းကြပ်နေတာတွေ ပွင့်ထွက်သွားမယ်၊ stress တွေလည်း လျော့ကျပြီး စိတ်သက်သာရာ ရသွားပါမယ်။
စားချင်တာလေးတွေကိုဝယ်ပြီးလုပ်စားပါ
Stress တွေများပြီး စိတ်ဖိစီးနေရင် စားချင်တာလေးတွေ၊ အရသာရှိတာလေးတွေ စားလိုက်ပါ။ ခံစားနေရတာတွေ တစ်ဝက်လောက်ကို လျော့ကျသွားပြီး စိတ်ပျော်ရွှင်ကျေနပ်မှု ရစေပါတယ်။ အကောင်းဆုံးကတော့ စားချင်တာလေးတွေကို ကိုယ်တိုင်လုပ်စားဖို့ ပါဝင်ပစ္စည်းတွေ ကိုယ်တိုင်သွားဝယ်ပါ။ ပြီးရင် လုပ်စားကြည့်ပါ။ လှလှပပလေး ပြင်ဆင်ပြီးလုပ်စားပါ။
ကြွက်သားလေ့ကျင့်ခန်း
လက်သီးကို ၁၀ စက္ကန့် တင်းတင်ဆုပ်ထားပြီး ဖြည်ချလိုက်ပါ။ ဖြေးဖြေးချင်းစီဖြေချပြီး စက္ကန့် ၂၀ လောက်နေပါ။ ပြီးမှ ခုနကလို လက်သီးပြန်ဆုပ်လိုက်၊ ပြန်ဖြည်ချလိုက်နဲ့ လုပ်ပေးပါ။ စိတ် relax ဖြစ်သွားတယ်လို့ ခံစားရတဲ့အထိ များများသာလုပ်ပေးပါ။ တခြားဘာမှမတွေးပဲ ဒီကြွက်သားလေ့ကျင့်ခန်း လုပ်နေတဲ့ဆီကိုပဲ စိတ်ထည့်ထားပါ။ စိတ်ဖိစီးမှုနဲ့ stress တွေ လျော့ကျသွားပါလိမ့်မယ်။
ကိုယ်ဝါသနာပါတာကိုအချိန်ပေးပါ
ကိုယ်ဝါသနာပါတဲ့အရာ ဥပမာ ပန်းချီဆွဲတာဝါသနာပါရင် ပန်းချီဆွဲတာကို စပြီးလုပ်ကြည့်ပါ။ ကိုယ်ဝါသနာပါတဲ့အရာကို အနည်းဆုံး တစ်နာရီအချိန်ပေးပြီး လုပ်ကြည့်ပါ။ စိတ်အရမ်းပေါ့ပါးပြီး stress တွေလည်း လျော့ကျသွားတာကို တွေ့ရပါလိမ့်မယ်။
တွေးတောနေတာတွေကိုခဏရပ်ပါ
တွေးတောပြီး စဉ်းစားနေရင် stress တွေပိုပိပြီး စိတ်ဖိစီးလာမယ်၊ ပင်ပန်းလာပါမယ်။ ဒါကြောင့် လုံးဝမတွေးပါနဲ့။ တွေးတောနေတာတွေကို ခဏရပ်ထားပြီး စိတ်ငြိမ်အောင် တစ်ခုခုလုပ်ကြည့်ပါ။ ဥပမာ တရားထိုင်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာ၊ သီချင်းနားထောင်တာတွေ လုပ်လို့ရပါတယ်။