ဆံပင်အုံထူချင်တဲ့သူတွေအနေနဲ့ သတိထားဆင်ခြင်ဖို့လိုတဲ့ အချက် ၇ ချက်ကို ပြောပြပေးလိုက်ပါတယ်။ ဆံပင်အုံထူအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သိရင်တောင်မှ ဒီအချက်တွေကို မဆင်ခြင်ရင် ဆံပင်အုံထူလာမှာမဟုတ်ပါဘူး။
Chemical များတဲ့ Products
Chemical များတဲ့ Shampoo တွေ၊ Conditioner တွေကိုရှောင်ပါ။ Chemical နည်းတဲ့၊ လုံးဝမပါတဲ့ ပစ္စည်းတွေကိုသာ ရွေးသုံးပါ။ ဒါမှ ဆံပင်ကျွတ်တာမျိုး မဖြစ်မှာပါ။
နေ့တိုင်းခေါင်းလျှော်ခြင်း
နေ့တိုင်းခေါင်းလျှော်တာ၊ ခဏခဏခေါင်းလျှော်တာက ဆံပင်ကျွတ်ပြီး ဆံသားပိုပါးလာပါတယ်။ ၅ ရက်တစ်ခါ၊ တစ်ပတ်တစ်ခါလောက်ပဲ လျှော်သင့်ပါတယ်။
Essential Oil, Hair Serum မလိမ်းခြင်း
Essential Oil တွေ Hair Serum တွေသုံးပေးမှ ဆံပင်ပိုသန်လာမယ်။ ဆံသားငြိတာတွေ သက်သာပါမယ်။ ဘာမှမသုံးရင် ဆံပင်တွေဖွာပြီး ကျွတ်တာမျိုး၊ ရှုပ်ထွေးပြီး ဆံပင်တွေ ပိုကျွတ်တာမျိုး ဖြစ်လာပါလိမ့်မယ်။
ဆံပင်ကိုကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ခြင်း
ဆံပင်တွေကို ကြမ်းကြမ်းတမ်းတမ်း မလုပ်ပါနဲ့။ ခေါင်းဖြီးရင်လည်း ဖြည်းဖြည်းချင်းစီဖြည်းပါ။ အရမ်းစိတ်တဲ့ဖြီးတွေ မသုံးပါနဲ့။ ဒါမှ ဆံပင်ကျွတ်သက်သာပြီး ဆံပင်အုံထူမှာပါ။
အပူချောင်းတွေကိုရှောင်ပါ
ဆံပင်ကောက်တဲ့၊ ဖြောင့်တဲ့ အပူချောင်းတွေက ဆံသားအရမ်းပျက်စီးပါတယ်။ ဆံသားခြောက်ပြီး ဆံပင်ပိုကျွတ်ပါတယ်။ ဆံပင်အုံထူချင်ရင် အပူချောင်းတွေကို ရှောင်ရပါမယ်။
ဆံပင်အရောင်ခဏခဏမဆိုးပါနဲ့
ဆံသားမကောင်းရင် ဆံပင်အုံလည်း ထူလာမှာမဟုတ်ပါဘူး။ ဆံသားမကောင်းရင် ဆံပင်တွေ ဖွာပြီး ကျွတ်လာမယ်။ အဖြားတွေရှူးလာမယ်။ ဒါဆိုရင် ဆံပင်က အုံမထူတဲ့အပြင် ပိုတောင်ပါးသွားပါလိမ့်မယ်။
ပျက်စီးနေတာတွေကိုညှပ်ဖို့မနှမြောပါနဲ့
ပျက်စီးနေတဲ့ဆံပင်တွေကို ဒီတိုင်းမထားပါနဲ့။ ဆံပင်ဖွာပြီ၊ နှစ်ခွတွေဖြစ်နေပြီဆိုရင် အောက်ဖျားတွေကို ညှပ်ထုတ်ပစ်ပါ။ နှမြောလို့ မညှပ်ပဲ ဒီတိုင်းထားရင် ဆံပင်အဖျားပိုရှူးပြီး ဆံပင်ကျွတ်လာမယ်။ ဆံသားပိုပါးလာပါလိမ့်မယ်။