အမွှေးရိတ်တာက ကောင်းကျိုးရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။ ယေဘုယျ ကောင်းကျိုးကတော့ အကုန်အကျ သက်သာကာ အချိန်သိပ်မပေးရခြင်း ဖြစ်ပြီး ဆိုးကျိုးအနေနဲ့ကတော့ အမွှေးကျွတ်နာ ဖြစ်တတ်တာပါ။ ဒါ့အပြင် အမွှေးပြန်ပေါက်တာ မြန်တာကလည်း Shaving လုပ်တာရဲ့ မကောင်းတဲ့ အချက်ပါ။
ဒီတစ်ခေါက်မှာတော့ Shaving လုပ်ပေမယ့် အမွှေးကျွတ်နာမဖြစ်စေဘဲ ခြေသလုံး ချောချော ဖွေးဖွေးလေး ဖြစ်စေမယ့် ပြုလုပ်ပုံ နည်းလမ်းကို ဖော်ပြပါရစေ။
၁။ Dry Brush
Photo Source: Depositphotos
ပထမဆုံး အဆင့်အနေနဲ့ သင့်ခြေသလုံး သွေးလည်ပတ်မှု ကောင်းပြီး ရိတ်တဲ့အချိန် ချောမွေ့စေဖို့ Dry Brush လုပ်ပေးရပါမယ်။
၂။ Exfoliate လုပ်ပါ
Photo Source: Pinterest
အမွှေးကျွတ်နာ မဖြစ်ဖို့ အရေးပါတဲ့ အဆင့်ကတော့ Exfoliate ချေးချွတ်တဲ့ အဆင့်ပါ။ Exfoliate လုပ်လိုက်တဲ့အခါ အသားအရေ ချောမွေ့သွားစေပါတယ်။
၃။ Baby Oil ဒါမှမဟုတ် Conditioner
Photo Source: Pinterest
သင်က အမွှေးရိတ်တဲ့အခါ သုံးတဲ့ Shaving Cream ကို သီးသန့်ဝယ်စရာ မလိုပါဘူး။ Shave မလုပ်ခင် Baby Oil ဒါမှမဟုတ် Hair Conditioner ကို ခြေသလုံးပေါ် ပွတ်ပေးရပါမယ်။
၄။ ရိတ်ပြီးနောက်
Photo Source: iStock
Baby Oil or Conditioner သုံးကာ ရိတ်ပြီးတဲ့အချိန် Mild Exfoliate ကို ထပ်သုံးနိုင်ပါတယ်။ Exfoliate အပျော့နဲ့ ခြေသလုံးကို ပွတ်လိုက်တဲ့အခါ ချေးချွတ် Effect ကို ပိုရစေပါတယ်။
၅။ Tea Tree Oil
Photo Source: Pinterest
အမွှေးကျွတ်နာ မဖြစ်ဖို့ နောက်ထပ် အရေးကြီးတဲ့အချက်ကတော့ Tea Tree Oil ကို အမွှေးရိတ်ကာ ရေသုတ်ပြီးနောက် လိမ်းပေးတာပါ။ Tea Tree Oil က အမွှေးကျွတ်နာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဒီအဆင့်တွေအတိုင်း သေချာ လုပ်ပေးမယ်ဆိုရင်တော့ သင်နောက်တစ်ခေါက် ခြေသလုံးမွှေး ရိတ်တဲ့အချိန် အမွှေးကျွတ်နာကို ရှောင်နိုင်ပါပြီ။
By MyStyle Myanmar