တော်တော်များများက ညဘက်အိပ်တာ အရမ်းနောက်ကျတတ်ပါတယ်။ အိပ်ချိန်ပုံမှန်မရှိရင်၊ အိပ်တာနောက်ကျရင် ကျန်းမာရေးလည်း ထိခိုက်သလို၊ အလှအပရေးရာလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် ညဘက်တွေ စောစောအိပ်ပေးတာ အကောင်းဆုံးပါပဲ။ ညဘက်တွေ ပုံမှန်စောစောအိပ်ပေးခြင်းကြောင့် ဒီလိုကောင်းကျိုးတွေ ရရှိလာပါလိမ့်မယ်။

စိတ်ကြည်လင်ခြင်း

ပုံမှန်စောစောအိပ်ပေးတဲ့အတွက် မနက်ဆိုလည်း စောစောနိုးမယ်၊ အိပ်ရေးလည်းဝနေတဲ့အတွက် စိတ်ကြည်လင်လန်းဆန်းနေပါမယ်။ ခေါင်းလည်းကြည်နေပါလိမ့်မယ်။

ထိုင်းမှိုင်းတာတွေမဖြစ်တော့ခြင်း

နောက်ကျမှအိပ်ပြီး မနက်လည်း နောက်ကျမှနိုးရင် နေရတာထိုင်းမှိုင်းပြီး ဇာတ်ကြောတွေတက်၊ ေ ခေါင်းမူးပြီး ကိုယ်လက်မအီမသာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စောစောအိပ်မယ်ဆိုရင် ထိုင်းမှိုင်းတာတွေလည်း ဖြစ်တော့မှာမဟုတ်ပါဘူး။

အိပ်မပျော်ဖြစ်တာတွေသက်သာလာခြင်း

ပုံမှန်အိပ်ချိန်ထားပြီး စောစောအိပ်ပေးရင် အကျင့်ဖြစ်သွားတဲ့အတွက် ကိုယ်အိပ်နေကျအချိန်ရောက်ရင် အလိုလို အိပ်ချင်လာပါတယ်။ ဒီတော့ အိပ်မပျော်တာတွေလည်း သက်သာလာမှာပါ။ ပုံမှန်အိပ်ချိန်ထားပြီး စောစောမအိပ်ရင် အိပ်မပျော်တာက အကျင့်တစ်ခုလို ဖြစ်လာပါလိမ့်မယ်။ လူတစ်ယောက်မှာ အိပ်ချိန်မှန်ဖို့နဲ့ အိပ်ရေးဝဖို့က အရေးကြီးပါတယ်။ ဒါကြောင့် ပုံမှန်အိပ်ချိန်ထားပါ။

အသားအရေပိုကောင်းလာခြင်း

ညဘက်အိပ်တာနောက်ကျရင် အသားအရေညစ်နွမ်းပြီး အိုမင်းရင့်ရော်တာတွေ၊ အရေးအကြောင်းတွေ မြန်မြန်ဖြစ်စေပါတယ်။ မျက်ကွင်းညိုပြီး မျက်လုံးအောက်မှာ အရေးအကြောင်းတွေ သိသိသာသာ ပေါ်လာပါလိမ့်မယ်။ ဒါကြောင့် အိပ်ရေးဝဖို့၊ အိပ်ချိန်မှန်ဖို့က အရမ်းအရေးကြီးတဲ့အရာပါ။ အလှကြိုက်ရင် ပိုတောင်စောစောအိပ်သင့်ပါတယ်။ ဖုန်းသုံးတာလျှော့ပြီး စောစောအိပ်၊ ရေများများသောက် ဒါဆို အသားအရေ ပိုတောင်လှလာအုံးမှာပါ။