နေပူပူမှာ အပြင်မထွက်မနေ ထွက်ရမယ့်သူတွေအနေနဲ့ SPF 50 နဲ့အထက် UV ပါတဲ့ Sunscreen ကို မဖြစ်မနေ သုံးပေးဖို့ လိုအပ်ပါတယ်နော်။ Sunscreenက အပြင်ထွက်မှာ လိမ်းရတာ မဟုတ်ပဲ့ အိမ်မှာနေရင်လည်း လိမ်းပေးသင့်ပါတယ်။ တကယ်လို့ Sunscreenကို ပုံမှန်မသုံးပေးဘူးဆိုရင်တော့ ဒီလိုအကျိုးဆက်တွေကို ရရှိခံစားနိုင်ပါတယ်။
ကဲ..ဒါကြောင့် Sunscreen မလိမ်းခြင်းရဲ့ အကျိုးဆက်တွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူကြည့်လိုက်ရအောင်…
အသားအရေ ညိုမဲလာမယ်
မှဲ့ခြောက်တွေ ဖြစ်လာမယ်
နေလောင်မယ်
အသားအရေ အိုမင်းရင့်ရော်လာမယ်
အရေပြားကင်ဆာဖြစ်လာနိုင်တယ်
ဘယ်လိုလိမ်းရမလဲဆိုတာ
မျက်နှာ နဲ့ လက်တွေ နေထိနိုင်တဲ့ နေရာတွေမှာ လိမ်းပေးရမှာပါ။ မျက်နှာသစ် သွားတိုက်ပြီးတာနဲ့ Sunscreen ကိုလိမ်းပြီးမှ မိတ်ကပ်ကို အပေါ်ကနေ ထပ်လိမ်းပေးရမှာပါ။ Sunscreen မှာ UVA ကိုရော UVB ကိုပါ ကာကွယ်ပေးတဲ့ ခရင်မ်ကိုလိမ်းပေးပါ။ ပုံမှန် နေပူထဲသွားရင် အနည်းဆုံး SPF 30 နဲ့အထက်ကို လိမ်းပေးသင့်ပါတယ်။ ရေကစားမယ်ဆိုရင် SPF 50 နဲ့ အထက်လိမ်းပေးပါ။
ပြီးတော့ ကိုယ်နဲ့ သွားလေရာမှာ ဆောင်ထားပါ။ လက်ကိုင်အိတ်ထဲမှာ ဒါမှမဟုတ် စီးတဲ့ ကားပေါ်မှာ ဆောင်သွားပါ။ နွေရာသီ နေပူပူမှာ အပြင်ထွက်ရင် Sunscreen ကိုလိမ်းပေးသင့်ပါတယ်။
အပြင်သွားတဲ့အခါ မဖြစ်မနေဆောင်ယူသင့်တဲ့အရာများ
Sunscreen တစ်ခုတည်းလိမ်းရုံနဲ့ မလုံလောက်ပါဘူး။ နောက်ထပ် လိုအပ်တာက အဝတ်အစားပါ။ အဝတ်အစားဝတ်တဲ့အခါ အကျီလက်ရှည် ဦးထုပ် စတာတွေကို ဝတ်ဆင်သင့်ပါတယ်။ နေကာမျက်မှန်ကိုလည်း အပြင်ထွက်တိုင်း မဖြစ်မနေ ဆောင်သွားသင့်ပါတယ်နော်။