လက်ဖဝါးလေး နူးနူးညံ့ညံ့လေးနဲ့ ချောမွေ့နေတာကလည်း ‌ဆွဲဆောင်မှုတစ်ခုပါပဲ့နော်။ ဒါကြောင့် ဒီနေ့မှာတော့ MyStyle Myanmar ရဲ့ ခင်ပျိုမဒီလေးတွေအတွက် လက်ဖဝါးလေးတွေကြမ်းနေပြီဆိုရင်တော့ ချောမွေ့နူးညံ့ပြီး Baby Skinလေးလိုဖြစ်သွားအောင် လုပ်လို့ရစေမယ့် ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

ဒီနည်းလမ်းတွေအများကြီးထဲကမှ အိမ်တိုင်းမှာရှိတဲ့အရာလေးတွေနဲ့ အလွယ်တကူလုပ်ဆောင်နိုင်တဲ့ နည်းလမ်းလေးနှစ်ခုဖြစ်တဲ့အတွက် စိတ်ကြိုက်ရွေးချယ်ပြီး လုပ်ကြည့်ပါနော်။

သံပုယိုသီးနဲ့ သကြား

ကြမ်းတမ်းနေတဲ့လက်ဖဝါးလေးတွေကို နူးညံ့လာစေဖို့အတွက် သံပုယိုသီးနဲ့သကြားရှိရင် အဆင်ပြေပါပြီ။ လုပ်ရမယ့်ပုံစံလေးကတော့ သံပုယိုသီးတွေကိုပါးပါးလှီးပြီး အပေါ်မှာ သကြားနည်းနည်းစီ ဖြူးလိုက်ပါ။

ပြီးရင်တော့ သကြားဖြူးထားတဲ့သံပုယိုသီးကို အရည်တွေရအောင် လက်ထဲညှစ်ချလိုက်ပါ။ အရည်များများရရင်ပိုကောင်းပါတယ်။ လက်ထဲကိုသံပုယိုသီးအရည်တွေညှစ်ချပြီး လက်နှစ်ဖက်ကို နှံ့နေအောင် သေချာလေးပွတ်ပေးပါ။

ဒီနည်းလမ်းလေးကတော့ သင့်ရဲ့ကြမ်းတမ်းနေတဲ့လက်လေးတွေကို အမြန်ဆုံးနူးညံ့လာအောင်လုပ်ပေးနိုင်တဲ့ အိမ်တွင်းဖြစ်ကုထုံးလေးပါ။

သံလွင်ဆီနဲ့ သကြား

နောက်တစ်မျိုးအနေနဲ့ သင့်ရဲ့ ကြမ်းတမ်းနေတဲ့လက်တွေ နူးညံ့လာစေဖို့ သံလွင်ဆီနဲ့ သကြားက အထောက်အကူပြုပါတယ်။ သံလွင်ဆီဆိုတာက အရေပြားအတွက် အရမ်းကောင်းတဲ့သဘာ၀ Moisturizer တစ်ခုပါ။

လုပ်ရမယ့်ပုံစံလေးကတော့ သံလွင်ဆီ – လက်ဖက်ရည်ဇွန်တစ်ဇွန်းနဲ့ သကြား – လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို လက်ဖဝါးထဲထည့်ပြီး လက်ချောင်းလေးနဲ့ပဲ သမအောင်မွှေလိုက်ပါ။ ပြီးတာနဲ့ လက်ဖဝါးနှစ်ခုကိုပွတ်ပြီး အရေပြားထဲထိစိမ့်ဝင်သွားအောင် မိနစ်အနည်းငယ်လောက် ပွတ်လိမ်းပေးနေပါ။ ခဏနေရင်တော့ ရေနဲ့ညှင်သာစွာဆေးချလိုက်လို့ရပါပြီ။ ဒီလိုလေးပုံမှန်လုပ်ပေးခြင်းက ကြမ်းတမ်းနေတဲ့လက်ဖဝါးလေးတွေကို နူးညံ့လာစေပါတယ်။

ဒီနည်းလမ်းနှစ်ခုထဲက ကိုယ်နဲ့ပိုအဆင်ပြေတာလေးကို ရွေးလုပ်လို့ရတာပေါ့။