Kim Sejeong ကိုတော့ “Business Proposal”, “The Uncanny Counter”, “School 2017” စတဲ့ ဇာတ်လမ်းတွေနဲ့ ရင်းနှီးမှာပါ။ ကျရာ ဇာတ်ရုပ်မှာ ပီပြင်စွာ သရုပ်ဆောင်တတ်တဲ့ သူမကို ပရိတ်သတ်တွေ ချစ်တာလည်း မမှားပါဘူး။
သူမက ချစ်ဖို့ကောင်းလွန်းတာကြောင့် School ဇာတ်ကားထဲက Cute Aegeyo ဇာတ်ဝင်ခန်းက နာမည်ကျော် ဇာတ်ဝင်ခန်း ဖြစ်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ထပ်နာမည်ကျော်တဲ့ သူမရဲ့ သရုပ်ဆောင်ချက်ကတော့ “Business Proposal” ထဲက Rachel, Samantha ဇာတ်ဝင်ခန်းပါ။ သူမက သရုပ်ဆောင်တာ ထူးချွန်တဲ့အပြင် သီချင်းဆိုတာပါ ထူးချွန်သူ ဖြစ်ပါတယ်။
အနုပညာလောကထဲကို အဆိုတော်ဘဝနဲ့ စတင်ဝင်ရောက်ခဲ့သူမို့ ထိပ်တန်းအမျိုးသမီး အဆိုတော်တွေထဲလည်း Sejeong က ပါဝင်သူပါ။ သူမက ဆံပင်ပုံစံ အမျိုးမျိုးထားတတ်ပြီး ပရိတ်သတ်တွေ သဘောကျတဲ့ ဆံပင်စတိုင်ကတော့ Business Proposal ထဲက သူမရဲ့ Layered Haircut ပါ။ ဒီတစ်ခေါက်မှာတော့ Kim Sejeong ရဲ့ ပရိတ်သတ်တွေအတွက် သူမ ထားလေ့ရှိတဲ့ ဆံပင်စတိုင်တွေကို ဖော်ပြပါရစေ။
ကောက်သားအပြည့်ဖောင်းဖောင်းလေးက သူမရဲ့ မျက်နှာသေးသေးလေးနဲ့ လိုက်ဖက်လို့နေပါတယ်။
ရှေ့ Bang နဲ့ ဆံပင်အကွေးလေးက နဖူးပြောင်တဲ့ သူတွေအတွက် သင့်တော်တဲ့ ဆံပင်ကေပါ။
Business Proposal ထဲက သူမ ဝတ်လေ့ရှိတဲ့ Hair Wig လေးကလည်း ဆံပင်ဆိုးချင်သူတွေ ဆိုးကြည့်သင့်တဲ့ ပုံစံလေးပါ။
Sejeong က ဆံပင်အကွေးကိုမှ နဖူးအရှင်း ဆံပင်ပုံစံနဲ့လည်း လိုက်ဖက်ပါတယ်။
ဆံပင်တစ်ဝက်စည်းက Sejeong ကို ကလေးလေးလို ချစ်ဖို့ကောင်းသွားစေပါတယ်။
ဒါကတော့ မိန်းကလေး အများစု လိုက်ညှပ်ကြတဲ့ Sejeong ရဲ့ Layered Haircut ပါ။
ရှေ့ဆံပင်ချကာ ဆံပင်အဖြောင့်လေးက Sejeong ကို မိန်းကလေးဆန်ဆန် လှသွားစေပါတယ်။
ဆံပင်အမြင့်စည်းလေးနဲ့ Kim Sejeong
ဆံပင်ပါးတဲ့ ပျိုမေတွေလည်း လိုက်စည်းနိုင်မယ့် Sejeong ရဲ့ High Ponytail Hairstyle
ရှေ့ဆံပင်ချကာ လှိုင်းတွန့် ပြေပြေလေး ဆံပင်ကောက်ပုံက မိန်းကလေး အများစုနဲ့ လိုက်ဖက်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar