လူအများစု My Day မှာ ပုံလေးတွေ တင်တဲ့အကြောင်းအရင်း အများစုကတော့ ကိုယ့်တစ်နေ့တာကို အမှတ်တရ ဖြစ်စေချင်လို့၊ ကိုယ့်ရှေ့က မြင်ကွင်းကို သဘောကျမိလို့၊ ကိုယ့်လုပ်ဆောင်မှုတွေကို တခြားသူတွေ မြင်အောင် ပြချင်လို့ စတဲ့ အကြောင်းအမျိုးမျိုးနဲ့ တင်လေ့ရှိပါတယ်။

ဒီတစ်ခေါက်က My Day မှာ ရှုခင်းပုံတွေကို ကဗျာဆန်ဆန် တင်လေ့ရှိသူတွေအတွက် ပုံပေါ်မှာ Caption လှလှလေးတွေ ထည့်နိုင်ဖို့ ရည်ရွယ်ပါတယ်။ အခုဖော်ပြထားတဲ့ Caption တွေက တိုတိုလေးနဲ့ အဓိပ္ပာယ်ရှိကာ အသုံးဝင်တာမို့ သင့်အတွက် သုံးရ အဆင်ပြေမှာပါ။

“Moments for Life”

ခရီးသွားတဲ့သူတွေအတွက် ရင်သပ်ရှုမောဖွယ် ရှုခင်းတွေကို မြင်ရတဲ့အချိန် ဒါက ကိုယ့်အတွက် တန်ဖိုးရှိတဲ့ Moment ဖြစ်ကြောင်းဒီစာလေးနဲ့ တင်နိုင်ပါတယ်။

“Sunset Walk”

သင်က ညနေခင်းတွေမှာ ခဏတဖြုတ် လမ်းလျှောက်လေ့ရှိသူဆိုရင် ဒီ Caption လေးက အဆင်ပြေပါတယ်။ ကိုယ်ဘာလုပ်နေလဲဆိုတာကို ပုံထဲ ထည့်လိုက်တာက သင့် Story ပြောပြရာရောက်ပါတယ်။

“Weekend”

ရှုခင်းလှလှလေးကို ရက် လှလှလေးနဲ့ တင်နိုင်ပါတယ်။

“I never get tired of this view”

မြင်နေကျ မြင်ကွင်းဖြစ်ပေမယ့် သင့်အတွက် ဘယ်လိုမှ မရိုးနိုင်တဲ့ ရှုခင်းပုံရိပ်ကို တင်တဲ့အချိန် ဒီ Caption ကို သုံးနိုင်ပါတယ်။

“Mixed feelings”

သင့်ခံစားချက်တွေက ရောထွေး ရှုပ်ယှက်ခတ်နေတဲ့အချိန် အရောင်မျိုးစုံ ရောယှက်နေတဲ့ တိမ်တိုက်တွေကို ရိုက်ရင်း ဒီလို Caption ရေးနိုင်ပါတယ်။

“May the leaves teach you the art of letting go”

အပင်တွေကို ဓာတ်ပုံရိုက်ပြီး My Day တင်တဲ့အခါ ဒီစာလေးက အဓိပ္ပာယ်ရှိပါတယ်။ သစ်ရွက်တွေက အချိန်တန်ရင် ကြွေရသလိုပဲ အချိန်တန် လက်လွှတ်ရမှာကို သင်ယူထားသင့်ပါတယ်။

“It’s a gloomy day”

မိုးရွာတော့မယ့် အချိန်မှာ လိုက်ဖက်မယ့် Caption လေးပါ။

“Day ends beautifully”

သင်က တစ်နေ့တာကို ပင်ပန်းစွာ ဖြတ်သန်းပြီးနောက် အိမ်ပြန်ချိန် ရှုခင်းကို ရိုက်တဲ့အချိန် ဒီစာလေးက အဓိပ္ပာယ်ရှိပါတယ်။

“Talking to the moon”

Bruno Mars ရဲ့ သီချင်းစာသားဖြစ်တဲ့ “Talking to the moon” နဲ့အတူ လပြည့်ညမှာ တစ်စုံတစ်ယောက်ကို လွမ်းနေကြောင်း ဒီ Caption လေးနဲ့ ထိထိမိမိ တင်နိုင်ပါတယ်။

“I need a break from my own thoughts”

အတွေးများနေတဲ့ သူလေးတွေ တင်သင့်တဲ့ Caption ပါ။ မှောင်မိုက်လာတဲ့ ညချမ်းနဲ့အတူ ဒီ Caption က Perfect ပါပဲ။

Photo source: Pinterest

By MyStyle Myanmar