2022 မှာထွက်သမျှ K-Drama တွေကတော့ အကုန်လုံးရှယ်တွေချည်းပါပဲ။ အဲ့ထဲမှာမှ အချစ်အကြောင်းကြီးပဲ ရိုက်ထားတာမျိုးလည်းမဟုတ်ပဲ ဘဝနဲ့ပတ်သက်တာတွေနဲ့ ဇာတ်လမ်းဇာတ်အိမ် အရမ်းကောင်းတဲ့ Drama တွေလည်း ရှိပါတယ်။ 2022 မှာထွက်ထားသမျှ K-Drama တွေထဲမှာမှ အကုန်လုံးမကြည့်ဖြစ်ရင်တောင်မှ ကြည့်ကိုကြည့်သင့်တဲ့ Drama 5 ခု ရှိပါတယ်။

Extraordinary Attorney Woo

အခုလက်ရှိမှာ Rating အမြင့်ဆုံးနဲ့စံချိန်ချိုးသွားတဲ့ Drama ဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီး စိတ်အာရုံမတည်မငြိမ်ဖြစ်တတ်တဲ့ ရောဂါရှိတဲ့ ရှေ့နေမလေးက IQ 164 ရှိပြီး ဘယ်လိုတွေတော်ကြောင်း၊ ဘယ်လိုတွေ သရုပ်ဆောင်မှုကောင်းကြောင်းကို ကြည့်ရမှာပါ။

Our Blues

ဂျယ်ဂျူကျွန်းပေါ်က လူတစ်စုရဲ့ ဘဝနေထိုင်မှုအကြောင်းတွေကို ရိုက်ပြထားတာ အရမ်းကြည့်လို့ကောင်းတဲ့ Healing Drama ပါပဲ။ ဘဝနဲ့ပတ်သက်တဲ့အကြောင်းတွေ၊ ဂျယ်ဂျူကျွန်းရဲ့အလှတရားတွေကို ကြည့်ရမှာဖြစ်ပြီး တစ်ပိုင်းနဲ့တစ်ပိုင်း လုံးဝကိုမပျင်းသွားစေမယ့် Drama ပါ။

My Liberation Notes

ဆန်ဖိုရွာမှာနေထိုင်ကြတဲ့ မောင်နှမသုံးယောက်နဲ့ သူတို့ဆီရောက်လာတဲ့ သူစိမ်းယောင်္ကျားတစ်ယောက် အကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ မိသားစု၊ ဘဝအကြောင်း Drama လေးပါ။ ဇာတ်အိမ်ကအေးပေမယ့် ဘဝအကြောင်းကို ခံစားတတ်ရင် ကြည့်သင့်တဲ့ Drama ပါ။

Twenty Five Twenty One

အားကစား Drama ဖြစ်ပြီး ဇာတ်အိမ်အရမ်းကောင်းလို့ ကြည့်သင့်တဲ့ Drama ပါ။ ကျောင်းသားကားတွေ၊ အားကစားကားတွေကြိုက်ရင် Twenty Five Twenty One ကိုကြည့်ဖို့ Highly Recommend ပေးပါတယ်။

Anna

ယူမီရဲ့ဘဝအကြောင်းကိုပဲ ရိုက်ကူးထားတဲ့ Drama ဖြစ်ပြီး Episode 8 ခုပဲပါပါတယ်။ ဒါပေမယ့် 8 ပိုင်းထဲနဲ့ အရမ်းကြည့်ကောင်းတဲ့ Drama ဖြစ်ပါတယ်။ ယူမီတစ်ယောက် အလိမ်အညာတွေနဲ့ ဘဝကို ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်လို့ အပိုင်းအရှည်ကြီးတွေကြည့်ဖို့ အချိန်မရသေးရင် Anna ကိုသာ အရင်ကြည့်ကြည့်ပါ။