Private area နားဖြစ်တဲ့ bikini line ကတော့ လူတိုင်းလိုလိုမဲတာပါပဲ။ မဲလို့ဆိုပြီးရှက်စရာ၊ စိတ်ညစ်စရာမလိုပါဘူး။ မဲတာသက်သာပြီး skin tone ပိုတက်လာအောင် လုပ်လို့ရပါတယ်။ ဒါကြောင့် အထူးသဖြင့် မိန်းကလေးတွေအတွက် private area နားတစ်ဝိုက် မဲနေတာကို သက်သာစေမယ့် သဘာဝနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ အလွယ်ကူဆုံးနည်းလမ်းတွေဖြစ်လို့ လူတိုင်းလိုက်လုပ်ဖို့ အဆင်ပြေမှာပါ။
သံပယိုရည်
ဒီနည်းလမ်းကတော့ အရမ်းလွယ်ပါတယ်။ သံပယိုသီးကို အရည်ရအောင်ညှစ်ချပြီး ဂွမ်းလုံးလေးနဲ့ယူကာ မဲနေတဲ့နေရာကို ပွတ်ပေးရမှာပါ။ ကြမ်းကြမ်းတမ်းတမ်း မပွတ်ရပါဘူး။ ပွတ်ပြီးရင် ၁၅ မိနစ်လောက်ထားပြီးမှ ရေဆေးချပါ။ ပြီးရင် ဒီတိုင်းမထားပဲ အုန်းဆီ (သို့) moisturizing cream တစ်ခုခု လိမ်းပေးပါ။
နေ့တိုင်း (သို့) တစ်ရက်ခြားတစ်ခါလောက်သာ ပုံမှန်လေးလုပ်ပေးပါ။ မဲနေတာသက်သာပြီး skin tone ပိုတက်လာပါလိမ့်မယ်။
နွားနို့
နွားနို့က အသားဖြူစေဖို့အတွက် အထောက်အကူပြုပါတယ်။ အရင်ဆုံး private area ကို သန့်စင်ပြီး ရေစင်အောင်သုတ်ပါ။ ပြီးမှ ဂွမ်းလုံးလေးနဲ့ယူပြီး private area ကို ပွတ်ပေးပါ။ ပြီးရင်တော့ ရေပြန်ဆေးချပြီး cream တစ်ခုခု လိမ်းရုံပါပဲ။
ပုံမှန်လုပ်ပေးသွားရင် မဲနေတာတွေသက်သာပြီး ဖြေးဖြေးချင်းစီ skin tone ပြန်တက်လာပါလိမ့်မယ်။
သံလွင်ဆီ
ထွေထွေထူးထူးတွေ မလုပ်နိုင်ဘူးဆိုလည်း မပူပါနဲ့။ သံလွင်ဆီသာဆောင်ထားပါ။ မဲနေတဲ့ private area တွေကို သံလွင်ဆီ ပုံမှန်လိမ်းပေးပါ။ ဂွမ်းလုံးလေးနဲ့ ပွတ်လိမ်းလိုက်၊ လက်နဲ့နှိပ်နယ်ပြီးလိမ်းလိုက်နဲ့ လုပ်ပေးလို့ရပါတယ်။ အသားခြောက်နေရင် မဲနေတာက ပိုဆိုးလာစေပါတယ်။ ဒါကြောင့် သံလွင်ဆီလိမ်းပေးတာ အရမ်းကောင်းပါတယ်။ မဲနေတာလည်း သက်သာစေပါတယ်။
Scrub တိုက်ပါ
Private area တွေ၊ တင်ပါးတွေမဲနေရင် scrub တိုက်ပါ။ အရမ်းပွတ်တိုက်တာမျိုးမလုပ်ပဲ ဖြေးဖြေးချင်းစီ ပွတ်တိုက်ပေးပါ။ တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးပါ။ မဲနေတာတွေ သက်သာလာပါလိမ့်မယ်။ Scrub တိုက်ပြီးတိုင်းမှာလည်း moisturizer or သံလွင်ဆီ လိမ်းပေးပါ။