ဆံပင်တိုတို Short Hair လေးတွေအတွက် ဒီတစ်ခါမှာတော့ ပုံမှန်ဆိုးနေကျ Color တွေထဲကနေကွဲထွက်ပြီး အထာကျကျနဲ့ မိုက်နေစေမယ့် Hair Color တွေကို ဖော်ပြပေးလိုက်ပါတယ်။
အခုနောက်ပိုင်းမှာ ခေတ်စားနေတဲ့ ဒီ color လေးက short hair လေးတွေနဲ့ဆို အရမ်းလိုက်ဖက်ပြီး မျက်နှာလေးလင်းသွားစေပါတယ်။
Color အရမ်းတောက်တာမျိုးမလိုချင်ဘူးဆိုရင် ဒီ color ကိုရွေးဆိုးပါ။ အထာကျပြီးမိုက်သလို အရမ်းလည်းလှပါတယ်။
Color တွေတစ်ခေါင်းလုံးမဆိုးချင်ရင် highlight ဖောက်ပါ။ Short hair တွေနဲ့ အရမ်းလိုက်ပါတယ်။
Purple color ကို တစ်ခေါင်းလုံးဆိုးကြတာ ရှားပါတယ်။ ဒါကြောင့် သူများနဲ့မတူပဲ ပုံစံပြောင်းချင်ရင် purple လေးဆိုးပါ။ Short hair ဆိုတော့ ပိုပြီးမိုက်ပါတယ်။
Color တောက်တာကြိုက်ပေမယ့် သူများတွေနဲ့ အရမ်းကွဲထွက်နေတာမျိုးလည်း မဆိုးချင်ဘူးဆိုရင် ဒီလို color လေးဆိုးပါ။ အသားဖြူတဲ့သူတွေ ပိုပြီးရွေးချယ်သင့်ပါတယ်။
လိမ္မော်ဖောက်တဲ့ ဒီ color လေးဆိုလည်း အထာကျပြီးမိုက်ပါတယ်။
Color အရမ်းတောက်တာတွေ မဆိုးရဲရင်လည်း မပူပါနဲ့။ ဒီလိုလေးသာဆိုးပါ။ အထာကျပြီးမိုက်တာပါပဲ။
Color အမှိုင်းလေးတွေကြိုက်ရင် ခဲနဲအပြာဖောက်ထားတဲ့ ဒီလို color လေးတွေကို ရွေးဆိုးပါ။ အရမ်းမိုက်ပါတယ်။
ခဲနဲ့အမဲကိုဖောက်ဆိုးရင်လည်း အရမ်းမိုက်ပါတယ်။ ကြည့်လိုက်ရင် တောက်တောက်ကြီးမဖြစ်ပဲ color ငြိမ်ပြီးမိုက်တာပါ။
ဒီလို color လေးကတော့ ဘယ်တော့မှရိုးမသွားပဲလှသလို မိုက်လည်းမိုက်ပါတယ်။ Short hair တွေနဲ့ အလိုက်ဖက်ဆုံး color လို့တောင် ပြောလို့ရပါတယ်။
Color တောက်တာတွေ၊ ထင်းနေတာတွေ မကြိုက်ဘူး၊ ဒါပေမယ့် အထာကျကျလေးမိုက်တာမျိုး လိုချင်တယ်ဆိုရင်တော့ dark blue color လေးကို ရွေးဆိုးပါ။ Short hair တွေနဲ့ဆို အထာကျပြီးမိုက်ပါတယ်။
Photo source:www.pinterest.com