ခြေသည်းကို ဒီဇိုင်းပုံတွေ ပုံဖော်ဆွဲရတာမျိုး မကြိုက်တဲ့သူတွေအတွက် ရိုးရိုးကာလာလေးတွေကို ဘယ်လိုလှအောင်စပ်ဆိုးလို့ရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ဒီအစိမ်းက အသားဆောင်တဲ့အရောင်လေးပါ။ သူ့ကို အဖြူနဲ့စပ်ဆိုးရင် အရမ်းလှပါတယ်။ ထင်းပြီးပေါ်လွင်နေစေပါတယ်။

အနီရောင်၊ ကြက်သွေးရောင် ဆိုးမယ်ဆိုရင် ဒီလိုငွေမှုန်လေးတွေနဲ့ တွဲဆိုးပါ။ အရမ်းလှပါတယ်။ ဘယ်တော့မှရိုးမသွားပဲလှတဲ့ ကာလာစပ်လေးပါ။

ခြေသည်းနီအမဲဆိုးမယ်ဆိုရင်လည်း ဒီအရောင်တွေနဲ့ စပ်ဆိုးတာက အရမ်းလှပါတယ်။ အနက်ရောင်ချည်းပဲဆိုးတာထက် ဒါမျိုးလေးက ပိုပြီးလင်းသွားစေပါတယ်။

လူငယ်ကောင်မလေးတွေဆိုရင် ဒီကာလာလေးတွေကို စပ်ဆိုးကြည့်ပါ။ လူငယ်ဆန်ပြီး အရမ်းလှပါတယ်။

အရောင်နုနုလေးတွေကြိုက်ရင်တော့ ဒီအရောင်လေးနှစ်ရောင်ကို စပ်ဆိုးပါ။ ခြေထောက်ဖြူဖြူလေးတွေနဲ့ဆို ပိုပြီးလှပါတယ်။

အနက်ရောင်ကို အဝါနဲ့တွဲဆိုးတာလည်း အရမ်းလှပါတယ်။ အဝါက တောက်တဲ့အဝါထက် ဒီလိုအမှိန်လေးဆို ပိုလှပါတယ်။

ခဲဖောက်တဲ့ကာလာ၊ မိုးပြာရောင်ဘက်သွားတဲ့ ကာလာတွေကို ဆိုးမယ်ဆိုရင် ဒီလို glitter လေးတွေနဲ့ တွဲဆိုးပါ။ အသားဆောင်ပြီး အရမ်းလှပါတယ်။

အနီရောင်၊ ကြက်သွေးရောင်ကို ရွှေရောင်နဲ့ တွဲဆိုးတာလည်း အရမ်းလှပါတယ်။ ထင်းပြီးပေါ်လွင်နေတာမျိုးပါ။ အသားလည်းဆောင်ပါတယ်။

Fancy ဆန်တာမျိုးလေးကြိုက်ရင်တော့ ဒီလိုကာလာအစုံသာ စပ်ဆိုးပစ်ပါ။ လူငယ်ကောင်မလေးတွေနဲ့တော့ ပိုပြီးလိုက်ပါတယ်။

အရောင်နှစ်ရောင်စပ်မဆိုးချင်ရင် ဒီလိုလေးဆိုးကြည့်ပါ။ ပွဲတက်အတွက်ပါအဆင်ပြေတဲ့ ခြေသည်းဒီဇိုင်းဖြစ်ပါတယ်။

Photo source:www.pinterest.com