ဖက်ရှင် ဝတ်ဆင်ပုံနဲ့ ပတ်သက်ရင် ကိုးရီးယားက ကောင်မလေးတွေက ထူးခြားနေတတ်ပါတယ်။ ကိုးရီးယား မော်ဒယ်၊ Influencer တွေရဲ့ သဘာဝ ဆန်ဆန် လှနေရမယ်ဆိုတဲ့ ထုံးစံအရ သဘာဝကျကျ ပေါ့ပေါ့ပါးပါး ဝတ်တတ်ကြပါတယ်။ သင်က ကိုးရီးယား ဖက်ရှင်မျိုးကို သဘောကျပြီးတော့ ပေါ့ပေါ့ပါးပါး လုံလုံခြုံခြုံ ဝတ်ချင်တယ်ဆိုရင် အောက်ဖော်ပြပါ ဝတ်ဆင်ပုံတွေအတိုင်း Inspire ယူနိုင်ပါတယ်။

အင်္ကျီအကွက်လေးနဲ့ ဘောင်းဘီရှည်

ပေါ့ပေါ့ပါးပါးရှိစေမယ့်အပြင် စမတ်ကျကျ လှချင်တဲ့ ပျိုမေတို့အနေနဲ့ ခါးပတ်ကို မမေ့သင့်ပါဘူး။ ကွက်ကြားအင်္ကျီတွေက ပိုထူးခြားစေပြီး ဒီလို အင်္ကျီတွေကို ဘောင်းဘီထဲ ထည့်ပြီး ဝတ်နိုင်ပါတယ်။

အင်္ကျီလက်အပွနဲ့ ဘောင်းဘီအရှည်

မိန်းကလေးဆန်ဆန် လှစေမယ့်အပြင် မှော်ဆန်တဲ့ အလှကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီဖက်ရှင်မျိုးကို ရွေးသင့်ပါတယ်။

အဖြူရောင် လက်ရှည်

အဖြူရောင် လက်ရှည်၊ ဘောင်းဘီအပွကို ထပ်ပံ့ပိုးပေးမှာကတော့ အိတ်အနက်ရောင် တစ်အိတ်ပါ။

ဘောင်းဘီအပွ အရှည်

ဘောင်းဘီအပွ အရှည်နဲ့အတူ အပေါ်ထပ် Crop လေးနဲ့က ချစ်ဖို့ကောင်းတာထက် ပိုနေမှာပါ။

အရိုးရှင်းဆုံး တွဲစပ်မှု

ရှပ်အပြာ အပွနဲ့အတူ စကပ် အဖြူက ဘာမှ ထပ်မလိုတော့တဲ့ ပေါ့ပေါ့ပါးပါး ဖက်ရှင်ပါ

ထူးထူးခြားခြား လေး ဖြစ်ချင်ရင်

ပိန်ပိန်ရှည်ရှည် ကောင်မလေးတွေ Try ကြည့်သင့်တဲ့ ဖက်ရှင်ပါ။

အင်္ကျီလက်ပြတ် ဖက်ရှင်

အင်္ကျီလက်ပြတ်နဲ့အတူ ဘောင်းဘီရှည်က လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ဖက်ရှင် ဖြစ်ပါတယ်။

ဒီစတိုင်ကတော့ အညိုရောင် ကြိုက်တဲ့ ကောင်မလေးတွေ ဝတ်ကြည့်သင့်တဲ့ ကိုးရီးယား ဖက်ရှင်ပါ

ခါးစည်းအင်္ကျီ

ခါးအစည်းလေးက သင့်ကို ပိုပိန်သွားစေမယ့် ဖက်ရှင်မျိုးပါ။

အင်္ကျီအပါး အပွလေးကို ပုံထဲကလို ဝတ်ကြည့်သင့်ပါတယ်။

သင်က ရိုးရိုးရှင်းရှင်း အရောင်တွေကို ရွေးမယ်ဆိုရင် အိတ်ကိုလည်း အရောင်တူတာ ရွေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar