လူတိုင်းမှာ ရည်းစားမရှိပဲ Single ဖြစ်နေရတဲ့ အကြောင်းအရင်းတွေ အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် တချို့ကျတော့ ကိုယ့်ရဲ့အမှားတွေကြောင့်ပဲ Single ဖြစ်နေရတာပါ။ ဒါကြောင့် သင်ကိုယ်တိုင်လည်း ဘာကြောင့် Single ဖြစ်နေတာလဲ သင့်အမှားကြောင့်များလားဆိုတာကို သိသွားအောင်လို့ တစ်ချက်ချင်းစီကို သေချာလေ့လာကြည့်လိုက်ရအောင်။

ဘယ်သူ့ကိုမှစိတ်တိုင်းမကျဘူး

ဘယ်လောက်ပဲ ကောင်းတဲ့သူဖြစ်နေပါစေ စိတ်တိုင်းမကျဘူး၊ ကိုယ့်အတွက် မပြည့်စုံဘူးလို့ ထင်နေတယ်။ ဘယ်သူ့ကိုမှ စိတ်တိုင်းမကျဖြစ်နေပြီးတော့ ရည်စားလည်း မထားဖြစ်တော့ပဲ Single ဖြစ်နေတာက သင့်အမှားကြောင့်ပါပဲ။

Relationship အတွက် အချိန်မပေးနိုင်ဘူး

ကိုယ်တိုင်ကိုက Relationship တစ်ခုအတွက် အချိန်မပေးနိုင်တဲ့အတွက် ရည်းစားမထားပဲ Single လုပ်နေတယ်။ ရည်းစားထားပြန်တော့လည်း အချိန်မပေးနိုင်လို့ ပြတ်ရတယ်။ ဒါကြောင့်ပဲ Single ဖြစ်နေတာဆိုရင်တော့ ကိုယ့်ကြောင့်ပဲဖြစ်နေတာပါ။

သူများကိုမယုံကြည်ဘူး

လူတကာကိုလိုက်ပြီး သံသယတွေများနေမယ်။ တစ်ခုခုဆို ဘာမှ အယုံအကြည်မရှိဘူး။ ဒါတွေကြောင့်လည်း ရည်စားထားဖို့ဆီကို မရောက်တော့တာပေါ့။ ယုံကြည်ရလောက်တဲ့သူဆိုရင်တောင် သံသယတွေများလွန်းပြီး အယုံအကြည်မဲ့နေတာမျိုးကြောင့် Single ဖြစ်နေတာမျိုးလည်း ရှိပါတယ်။

စိတ်မမြဲဘူး

တချို့တွေကျတော့ ရည်းစားရှိနေရင်လည်း ဒီတစ်ယောက်ထဲဆီမှာ စိတ်ရောက်နေတာမျိုးမဟုတ်ပဲ တခြားသူတွေနဲ့လည်း ပတ်သက်ချင်နေတယ်။ တခြားသူတွေကိုလည်း စိတ်ဝင်စားမိနေတယ်။ ဒီလိုစိတ်မျိုးရှိနေလု့ိ Single ဖြစ်နေတာဆိုရင်တော့ သင့်အမှားကြောင့်ပါပဲ။