မိန်းကလေးတွေအတွက် လူငယ်ဆန်ပြီး နုပျိုနေစေမယ့်၊ လူငယ်ဆန်ဆန် အထာကျကျလေး ဖြစ်နေစေမယ့် ဆံပင်စတိုင်လ် ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဆံပင်စတိုင်လ်ပြောင်းဖို့ စဉ်းစားနေတယ်၊ ညှပ်ဖို့စဉ်းစားနေတယ်ဆိုရင် ဒီပုံလေးတွေကိုသာ ကြည့်ကြည့်လိုက်ပါ။
အတိုညှပ်ချပစ်ဖို့ စဉ်းစားထားတယ်ဆိုရင်တော့ ဒီပုံလေးတွေညှပ်ဖို့ recommend ပေးပါတယ်။ ချစ်ဖို့ကောင်းပြီး အရမ်းလည်းလှသလို ချက်ချင်းကို နုပျိုသွားစေမယ့် ဆံပင်စတိုင်လ်လေးပါ။
အရှေ့ဆံမြိတ်ချတာမျိုးမကြိုက်ရင်၊ ဆံပင်လည်း အုံထူတယ်ဆိုရင် ဒီဆံပင်စတိုင်လ်လေး ညှပ်ကြည့်ပါ။ ချစ်ဖို့ကောင်းပြီး မျက်နှာလေး ပိုနုသွားစေပါတယ်။
အထာကျကျလေးနဲ့ လူငယ်ဆန်တာမျိုးဆိုရင်တော့ ဒီဆံပင်စတိုင်လ်လေးက အရမ်းလှပါတယ်။
ဆံပင်အရှည်ကိုမညှပ်ချင်ဘူး၊ ဒါပေမယ့် လူကြီးဆန်သလိုဖြစ်နေလို့ ပုံစံပြောင်ချင်တယ်ဆိုရင်တော့ အရှေ့ဆံပင်လေး ညှပ်လိုက်ပါ။ ဆံပင်ကိုအတိမထားပဲ အထပ်လေးတွေညှပ်ချပါ။ ပုံမှန်ထက်ပိုပြီး နုပျိုသွားစေပါတယ်။
ဒီဆံပင်စတိုင်လ်လေးဆိုရင်လည်း ရုပ်နုသွားပြီး ချစ်ဖို့ကောင်းစေပါတယ်။ ရိုးရိုးလေးကြိုက်ရင် ဒီလိုလေးသာညှပ်ပါ။
ဆံပင်အတိုညှပ်မယ်ဆိုရင် ဒီလိုအတိဂုတ်အထက်လေး ညှပ်တာလည်း လှပါတယ်။ ပိုပြီးလူငယ်ဆန်သွားစေသလို ပိုပြီးတော့လည်း နုပျိုသွားစေပါတယ်။
ဆံပင်အရှည်အတိကြီးနဲ့ လူကြီးဆန်တယ်၊ ရိုးလာတယ်လို့ ခံစားရရင် ဒီလိုလေး စတိုင်လ်ပြောင်းညှပ်လိုက်ပါ။ ပိုနုပျိုပြီး ချစ်ဖို့ကောင်းသွားစေပါတယ်။
ဒီဆံပင်စတိုင်လ်လေးဆိုရင် ပုံမှန်ဆို လူကြီးနည်းနည်းဆန်မှာပါ။ ဒါပေမယ့် အရှေ့ဆံမြိတ်လေးရယ်၊ highlight လေးရယ်ကြောင့် လူငယ်ဆန်သလိုလေး ဖြစ်သွားစေပါတယ်။
အထာကျကျလေးကြိုက်ရင် ဒီဆံပင်စတိုင်လ်လေးက လူငယ်ဆန်ပြီး အရမ်းမိုက်ပါတယ်။
ဒီဆံပင်စတိုင်လ်လေးကျတော့ အထာကျပြီး ချစ်ဖို့ကောင်းသလို လူငယ်လည်းဆန်ပါတယ်။ Highlight ဖောက်ထားရင်တော့ ပိုပြီးမိုက်ပါတယ်။
Photo source:www.pinterest.com