Acne-Prone Skin တွေက ဘာပဲလိမ်းလိမ်း သေချာရွေးဝယ်ဖို့ လိုပါတယ်။ သူများတွေနဲ့ အဆင်ပြေပေမယ့် ကိုယ်နဲ့အဆင်မပြေရင် ဝက်ခြံတွေ ပိုဆိုးလာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် Acne-Prone Skin တွေအတွက် မိတ်ကပ်သား ကြည်ကြည်လေးဖြစ်နေစေမယ့် အကောင်းဆုံး Foundation တွေကို မျှဝေပေးလိုက်ပါတယ်။
Giorgio Armani Luminous Silk Foundation
Coverage အရမ်းကောင်းပြီး မိတ်ကပ်သား ကြာရှည်ခံစေပါတယ်။ သူက Acne-Prone Skin တွေအပြင် All Skin Type သုံးလို့ရပါတယ်။ ဝက်ခြံတွေကိုပါ သေချာဖုံးပေးနိုင်ပြီး မိတ်ကပ်သားကြည်ပြီး အရမ်းလှပါတယ်။ ဈေးကြီးသလောက် ပေးရတဲ့ဈေးနဲ့ ပြန်ရတဲ့ Result က အရမ်းမိုက်တဲ့ Foundation ပါပဲ။
NARS Sheer Glow Foundation
Oil-free formula ဖြစ်ပြီး Coverage ကောင်းတဲ့ Foundation ဖြစ်ပါတယ်။ လိမ်းထားရင် သဘာဝဆန်ပြီး ကြည်ကြည်ပြောင်ပြောင်လေးနဲ့ Glow နေတဲ့ Look မျိုး ရစေပါတယ်။ သူလည်း ဈေးကြီးတဲ့ Foundation ပါပဲ။ ဒါပေမယ့် All Skin Type သုံးလို့ရပြီး ဝက်ခြံသမားကအစ သုံးလို့ရပါတယ်။
Neutrogena SkinClearing Liquid Makeup
ဈေးသက်သာပြီး အရမ်းကောင်းတဲ့ Foundation ဖြစ်ပါတယ်။ Oil-free formula ဖြစ်ပြီး Salicylic Acid ပါလို့ Acne-Prone Skin တွေအတွက် အရမ်းအဆင်ပြေပါတယ်။ လိမ်းလိုက်ရင် ချွေးပေါက်ပိတ်တာမျိုး၊ ယားယံတာမျိုးတွေလည်း မဖြစ်စေပါဘူး။
Oxygenetix Oxygenating Foundation
Sensitive Skin တွေအတွက် အထူးသင့်တော်တဲ့ Foundation ဖြစ်ပါတယ်။ Salicylic Acid ပါလို့ ဝက်ခြံသမားတွေအတွက်ပါ အရမ်းအဆင်ပြေပါတယ်။ လိမ်းလိုက်ရင် အသားခြောက်တာမျိုးမဖြစ်ပဲ မိတ်ကပ်သား စိုစိုပြောင်ပြောင်လေးနဲ့ လှနေစေပါတယ်။
Clinique Acne Solutions Liquid Makeup Foundation
Salicylic Acid ပါလို့ ဝက်ခြံသမားတွေ Acne-Prone Skin တွေအတွက် အထူးသင့်တော်ပါတယ်။ အရေပြားနီမြန်းတာတွေကို လျှော့ချပေးပြီး အသားအရေ ကြည်ကြည်ပြောင်ပြောင်လေး ဖြစ်သွားစေတယ်။ လိမ်းရတာလည်း အရမ်း Lightweight ဖြစ်တဲ့ Foundation ဖြစ်ပါတယ်။