သင်လုပ်သမျှ အရာတိုင်းက လက်ကိုပဲ သုံးရတာပါ။ အလုပ်လုပ်တာ၊ စာရိုက်တာ၊ မိတ်ကပ်လိမ်းတာ၊ အစာစားတာ စတဲ့ အရာတိုင်းက လက်ကိုပဲ သုံးရတာပါ။ ဒါကြောင့် သင့်လက်ကလေးကို ကျေးဇူးတင်ပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အချိန်အများကြီး အားစိုက်စရာမလိုဘဲ လက်သွယ်သွယ်လေး ရနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ အအေးမထိအောင် နေပေးပါ

သင့်လက်တွေက အအေး ခဏခဏ ထိရတဲ့အခါ ခြောက်သွေ့လာတတ်ပါတယ်။ ရေခဏခဏ ထိရတယ်ဆိုရင် လက်အိတ်ဝတ်ဖို့ လိုပါတယ်။ အေးတဲ့ အရာတွေနဲ့ ထိတွေ့ပြီးတိုင်း လက်ကို ဂရုစိုက်သင့်ပါတယ်။

၂။ လက်ကို ဒဏ်ရာမရအောင် ဂရုစိုက်ပါ

သင်လုပ်သမျှက လက်ကိုပဲ သုံးရတာမို့ ထိခိုက်ဒဏ်ရာ ရနိုင်ပါတယ်။ သင်က လက်မှာ ဒဏ်ရာရလာရင် အမှုအမှတ်မဲ့ မထားဘဲ ဒဏ်ရာ သက်သာအောင် ဂရုစိုက်သင့်ပါတယ်။

၃။ လက်သည်းမကိုက်ပါနဲ့

စိတ်လှုပ်ရှားတိုင်း၊ စိတ်မငြိမ်တိုင်း လက်သည်းကိုက်တတ်တယ်ဆိုရင် ဒီအကျင့်ကို ပြင်သင့်ပါတယ်။ လက်သည်းကိုက်တာက သင့်လက်သည်းကို ပျက်စီးစေပြီး ပိုးမွှားတွေ ဝင်လာနိုင်ပါတယ်။ လက်သည်းလှမှ လက်ကလေးတွေ လှမှာပါ။

၄။ ပုံမှန်ဂရုစိုက်ပါ

လက်ကလေးတွေ နူးညံ့ပြီး ပိုလှလာစေချင်ရင် ပုံမှန် ဂရုစိုက်ဖို့ လိုပါတယ်။ တစ်ပတ်မှာ တစ်ခါ လက်ကို Scrub တိုက်ပေးသင့်ပါတယ်။ ဖြစ်နိုင်ရင် သင့်အိတ်ထဲမှာ Hand Cream ဒါမှမဟုတ် Lotion ဘူးသေးသေးလေး ဆောင်သွားသင့်ပါတယ်။

၅။ Gentle Cleanser ဆပ်ပြာတွေကို သုံးပါ

တချို့ Cleanser တွေက လက်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ လက်နဲ့ ကိုင်လို့ အဆင်ပြေတယ်ဆိုပြီး ညွန်းထားတဲ့ Cleanser မျိုး ဆပ်ပြာမျိုးကို သုံးသင့်ပါတယ်။

၆။ လက်ကို ခါပေးပါ

သင်က ခဏခဏ စာရိုက်ရသူ၊ လက်ကို အလုပ်ပေးရသူဆိုရင် အလုပ်လုပ်ပြီးတိုင်း လက်ကို ခါပေးသင့်ပါတယ်​​။ ဒီလိုခါပေးတဲ့အခါ လက်သွေးလည်ပတ်မှုကောင်းစေပါလိမ့်မယ်။ တစ်နာရီကြာတိုင်း တစ်ခါလောက် လက်ကို ခါပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar