အားနာတတ်တဲ့စိတ်မျိုးဆိုတာက ကောင်းတဲ့အချက်လို့တော့ သတ်မှတ်လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအားနာတတ်တဲ့စိတ်ကပဲ့ ကိုယ့်ကို ဒုက္ခရောက်အောင် လုပ်တတ်တာကို သိထားဖို့တော့လိုပါမယ်နော်။ လူတော်တော်များများရဲ့အားနည်းတဲ့အကျင့်ကလည်း အားနာတတ်တဲ့စိတ်ပါပဲ့။

သည်းခံတတ်တဲ့စိတ်မျိုးဆိုတာ ထားသင့်တဲ့အရာမျိုးဆိုပေမယ့် ဒီလိုမျိုးအရာတွေမှာတော့ သည်းခံစိတ်တွေ၊ အားနာစိတ်တွေကိုထားမနေပဲ ပွင့်ပွင့်လင်းလင်းပြောလိုက်တာက အကောင်းဆုံးပါပဲ။ ကဲ..ဒါကြောင့် ဘယ်လိုအရာမျိုးတွေကိုတော့ အားနာနာနဲ့ သည်းခံနေစရာမလိုပဲ့ ပြန်ပြောသင့်သလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

လေးစားမှုမရှိပဲ ဆက်ဆံခံလာရတဲ့အခါမျိုးတွေ

လူတိုင်းနဲ့ရင်းရင်းနှီးနှီးနေတာက ကောင်းတဲ့အချက်ဆိုပေမယ့် ရောလိုက်ရင်ပေါသွားတယ်ဆိုတဲ့ စကားကလည်းရှိသေးတယ်။ တစ်ချို့နားလည်တတ်တဲ့သူတွေကတော့ လူတစ်ယောက်နဲ့တစ်ယောက် လေးစားမှုနဲ့ဆက်ဆံတာမျိုးတွေရှိပေမယ့် တစ်ချို့တွေကတော့ ကိုယ့်ကိုလေးစားမှုမရှိပဲ ပေါင်းနေတာမျိုးတွေရှိနေပါတယ်။

ဒီလိုလူမျိုးတွေကို ဆက်သည်းခံပြီးနေနေလိုက်မယ်ဆိုရင် အချိန်ကြာလေ ကိုယ့်အပေါ်လေးစားမှုနည်းပြီး ဆက်ဆံလေဖြစ်လာမှာပေါ့။ ဒီလိုနေရာမျိုးမှာ သူငယ်ချင်းအချင်းချင်းကို ပြောချင်တာမျိုးမဟုတ်ပဲ လုပ်ဖော်ကိုင်ဖက်၊ အခုမှစတွေ့တဲ့သူမျိုးတွေကို ဆိုလိုချင်တာပဲဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေကို အားနာမနေတော့ပဲ သူတို့ရဲ့ဆက်ဆံပုံတွေကြောင့် သင့်အဆင်မပြေဘူးဆိုတာမျိုးတွေကို ပွင့်ပွင့်လင်းလင်းပြောပြလိုက်သင့်ပါတယ်နော်။

သင့်ကို စိတ်မသက်မသာဖြစ်စေတဲ့သူ

သင့်ကို စိတ်မသက်မသာဖြစ်အောင် လုပ်တဲ့သူမရှိသရွေ့ သင်လည်းစိတ်ညစ်စရာတွေကို ကြုံတွေ့လာရမှာမဟုတ်ပါဘူး။ ဒီလိုဖြစ်အောင် လုပ်လာတဲ့သူနေမယ်ဆိုရင်လည်း အားနာနေတာမျိုးတွေမလုပ်ပဲ ပွင့်ပွင့်လင်းလင်းပြောပြတတ်တဲ့ အကျင့်မျိုးရှိတာက ပိုပြီးတော့ကောင်းပါတယ်။ သင့်ရဲ့ကိုယ်ပိုင်ပစ္စည်းတွေကို သူများယူကိုင်တာမျိုး ခွင့်ပြုချက်မယူပဲ သုံးလိုက်တာမျိုးတွေက သင့်အတွက်အဆင်မပြေနေဘူးဆိုရင် ပွင့်ပွင့်လင်းလင်းပြောပြလိုက်တာက အကောင်းဆုံးပဲဖြစ်ပါတယ်နော်။

မလုပ်နိုင်တဲ့အရာမျိုးဆိုရင် ပွင့်ပွင့်လင်းလင်းပြောတတ်ပါစေ

သင့်အတွက် အဆင်မပြေနေတဲ့အရာမျိုး၊ သင်လုပ်ဖို့အဆင်မပြေနေတဲ့ အရာမျိုးကိုလုပ်ရတော့မယ်ဆိုရင် ဘယ်သူကိုမှ အားနာမနေပဲ မလုပ်နိုင်ရင်မလုပ်နိုင်ဘူး၊ မဖြစ်နိုင်ရင်မဖြစ်နိုင်ဘူးဆိုတာကို သေချာပြောပြတတ်ဖို့လိုပါတယ်။ သင်မလုပ်ချင်နေတာမျိုးကို အားနာပြီလုပ်နေမယ်ဆိုရင် သင့်အတွက် စိတ်ပင်ပန်းမှုတွေပဲ ဖြစ်လာမှာပါနော်။

ကိုယ်မကြိုက်မနှစ်မြုပ်တဲ့သူကချည်းကပ်လာတဲ့အခါတွေ

ကိုယ်မနှစ်သက်တဲ့သူတစ်ယောက်က ကိုယ့်ကိုချဉ်းကပ်ပြီး ချစ်တဲ့အကြောင်းတွေပြောနေတာမျိုးကို စိတ်ထဲမှာမကျေနပ်နေဘူးဆိုရင်တော့ ပွင့်ပွင့်လင်းလင်းပဲ မကြိုက်တဲ့အကြောင်း၊ အနားမကပ်ဖို့အကြောင်းတွေကို ကြောက်တာတွေ၊ အားနာတာတွေမရှိပဲ ပြောလိုက်သင့်ပါတယ်။

သည်းခံတတ်တဲ့အကျင့်မျိုးရှိတာက ကောင်းတယ်ဆိုပေမယ့် ဒီလိုကိစ္စမျိုးတွေကိုတော့ သည်းခံမနေတော့ပဲ နှစ်ဦးစလုံးအတွက် ပွင့်ပွင့်လင်းလင်းပဲ ပြောချလိုက်တာက အကောင်းဆုံးပါပဲ့နော်။