တစ်ခါတစ်လေကျရင် Matte Type လက်သည်းနီတွေဆိုးရတာက ပိုလှပါတယ်။ ခြေထောက်ဆိုးရင်တော့ အရောင်မှိန်ပြီး အသားနည်းနည်းမှောင်သလို ဖြစ်သွားပေမယ့် လက်ကိုဆိုးရင်တော့ အသားဆောင်ပြီး အရမ်းလှပါတယ်။ ဒါကြောင့် Matte Type လက်သည်းနီဆိုးတဲ့အခါမှာ ပုံဖော်ဖို့အတွက် ဒီဇိုင်းတွေကို တကူးတကရှာနေစရာမလိုအောင် တင်ပေးလိုက်ပါတယ်။

ခရမ်းရောင်ကိုလုံးဝမကြိုက်တဲ့သူကလွဲလို့ ကျန်တဲ့သူတွေ ပုံဖော်ကြည့်သင့်တဲ့၊ ဆိုးကြည့်သင့်တဲ့ လက်သည်းနီအရောင်နဲ့ ဒီဇိုင်းလေး ဖြစ်ပါတယ်။ အရမ်းလှပြီး အသားဆောင်တာပါ။ Matte Type ဖြစ်နေလို့ကို ပိုလှတာပါ။

ဒီအရောင်လေးကျတော့ ဘိုဆန်ပါတယ်။ ဒီဇိုင်းကလည်း luxury ဆန်ပြီးတော့ကို လှတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ ဒါလည်း Matte Type ဖြစ်နေလို့ ပိုလှတာပါ။

ပန်းရောင်လေးကြိုက်ရင်တော့ ဒီလိုဒီဇိုင်းလေးပုံဖော်ကြည့်ပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးကျတော့ ချစ်ဖို့ကောင်းပြီး အရောင်လေးတွေကအစ ငြိမ်ပြီး အရမ်းလှပါတယ်။ လက်ခလယ်လေးကို အလုံးလေးတွေကပ်ထားတာက အသက်ပါပဲ။

အရောင်ငြိမ်ပြီး ဒီဇိုင်းကိုလည်း ရိုးရှင်းတာလေးပဲ ကြိုက်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။

ဒီလက်သည်းဒီဇိုင်းလေးကတော့ လူငယ်ကောင်မလေးတွေ ရွေးချယ်သင့်တဲ့ ဒီဇိုင်းလေးပါ။ အရောင်လေးတွေကအစ အရမ်းလှပြီး ဒီဇိုင်းကတော့ ချစ်ဖို့ကောင်းတဲ့ပုံစံလေးပါ။

အစိမ်းဘက်သွားတဲ့အရောင်လေးတွေကို ကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးနဲ့ ရွေးထားတဲ့အရောင်လေးတွေက အရမ်းချစ်ဖို့ကောင်းပါတယ်။ အသားဆောင်တဲ့ အရောင်လေးတွေပါ။

Matte ဆိုရင် ဒီလိုအရောင်ရင့်တာတွေက အရမ်းမိုက်ပြီးလှပါတယ်။ ဒီဇိုင်းကလည်း ရှင်းရှင်းလေးဖြစ်ပြီး တစ်ချောင်းထဲကို ပုံဖော်ထားတာကြောင့် ပိုပေါ်လွင်စေပါတယ်။

ခရမ်းရောင်ကြိုက်ရင် ဒီအရောင်လေးတွေကို စပ်ဆိုးကြည့်ပါ။ ဒီလက်သည်းဒီဇိုင်းလေးဆိုလည်း ရှင်းရှင်းလေးနဲ့ လှပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးနဲ့ အရောင်ကတော့ လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်ပြီး အရောင်ကလည်း အသားဆောင်ပါတယ်။

ခရမ်းကိုမှ အရောင်နုတာပဲ ကြိုက်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်လိုက်ပါ။

Photo source:www.pinterest.com