Skincare တွေ စုံနေအောင်သုံးပြီး ဈေးကြီးတာတွေ၊ ကောင်းတဲ့ဟာတွေ သုံးနေပြီး အသားအရေကိုလည်း ဂရုစိုက်နေရက်နဲ့ အသားအရေကောင်းမလာဘူးဆိုရင် သင့်အနေနဲ့ ဒီအမှား ၃ ခုကို လုပ်နေမိလို့ ဖြစ်ပါလိမ့်မယ်။

ကိုယ့်အသားအရေနဲ့ကိုက်ညီတာကိုမသိခြင်း

Review တွေကောင်းတိုင်း ဝယ်သုံးနေလို့လည်း ကိုယ်နဲ့အဆင်ပြေချင်မှ ပြေမှာပါ။ တစ်ယောက်နဲ့တစ်ယောက် အသားအရေမတူပါဘူး။ အဓိကက ဈေးကြီးတာဝယ်သုံးဖို့ထက် ကိုယ့်အသားအရေက ဘယ်လိုအမျိုးအစားလဲ၊ ဘာနဲ့မတည့်ဘူးလဲဆိုတာကို အရင်သိအောင်လုပ်ပါ။ ကိုယ်နဲ့အဆင်ပြေတာဆိုရင် စွဲသုံးပါ။ ဟိုဟာပြောင်းပြီး စမ်းသုံး၊ ဒီဟာပြောင်းပြီးစမ်းသုံးတာမျိုး မလုပ်ပါနဲ့။ ပစ္စည်းအသစ်တစ်ခုကို သုံးလိုက်လို့ အဖုလေးတွေထွက်လာတယ်ဆိုရင် တစ်ပတ်လောက်ပဲ ဆက်သုံးကြည့်ပါ။ အဖုလေးတွေထွက်နေတုန်းပဲဆိုရင် ဆက်မသုံးပါနဲ့။ ကိုယ့်အသားအရေနဲ့ မတည့်လို့ပါ။

နည်းလမ်းမမှန်ခြင်း

Skincare လုပ်တာက နည်းလမ်းမမှန်ရင်လည်း အသားအရေကောင်းမလာပဲ ပိုဆိုးသွားတတ်ပါတယ်။ ဥပမာ – အဆီပြန်တဲ့အသားအရေကို Serum လိမ်းပြီး Moisturizer လိမ်းမယ်၊ ပြီးရင် Serum အပြင် Oil ကိုပါ ထပ်လိမ်းလိုက်မယ်ဆိုရင် အဆီတွေများပြီး အဆီဖုနဲ့ ဝက်ခြံတွေ ကန်ထွက်လာနိုင်ပါလိမ့်မယ်။

ကိုယ့် skin type ကိုလည်း သေချာသိအောင်လုပ်ပါ။ အသားခြောက်ရင် hydrating ကောင်းကောင်းပေးနိုင်တာမျိုးတွေကို သုံးပါ။ Skincare ကို အလွန်အကျွံလုပ်ရင်လည်း sensitive ဖြစ်သွားပါလိမ့်မယ်။ မလိုအပ်တာတွေကိုပါ အများကြီးသုံးမိနေရင်လည်း အသားအရေကောင်းမလာပဲ ဖုတွေ ကန်ထွက်လာတတ်ပါတယ်။

Exfoliate မလုပ်ခြင်း

Skincare တွေ ဘယ်လောက်လိမ်းလိမ်း တစ်ပတ်တစ်ခါ exfoliate ပုံမှန်မလုပ်ပေးရင် အသားအရေက ညစ်ပြီး အဆီဖုတွေထွက်တတ်ပါတယ်။ Exfoliate လုပ်ပေးမှ ဆဲလ်သေတွေဖယ်ရှားပေးပြီး အသားအရေကြည်လာမယ်၊ ကိုယ်လိမ်းမယ့် skincare တွေကို ပိုမိုစုပ်ယူနိုင်မယ်၊ skincare effect လည်း ပိုထိရောက်ပါမယ်။