သင့်အနေနဲ့ အိပ်တဲ့အချိန်မှာ ဒီအရာ ၆ ခုကို ပြုလုပ်မိမယ်ဆိုရင် ဆံပင်ပျက်စီးတာတွေ ဖြစ်လာပါလိမ့်မယ်။ တစ်ခါတစ်လေကျရင် ကိုယ်တိုင်သတိမထားမိတာတွေ၊ မသိလိုက်တဲ့အရာတွေက ကိုယ့်ဆံသားကို ထိခိုက်ပျက်စီးစေတာတွေ ဖြစ်နေတတ်ပါတယ်။

ဆံပင်မခြောက်သေးပဲအိပ်ခြင်း

ခေါင်းလျှောက်ပြီး ဆံပင်မခြောက်တစ်ခြောက် ဖြစ်နေချိန်မှာ အိပ်လိုက်မယ်ဆိုရင်တော့ အရင်ဆုံးဖြစ်မှာက ခေါင်းကိုက်မှာပါ။ ပြီးရင်တော့ ဆံပင်ပျက်စီးမှာပါ။ ဆံသားခြောက်သွေ့ပြီး နှစ်ခွဖြစ်တာတွေ၊ ဆံသားပျက်ထွက်တာတွေ ဖြစ်လာပါလိမ့်မယ်။

ဆံထုံးထုံးပြီးအိပ်ခြင်း

အိပ်တဲ့အခါမှာ ဆံထုံးထုံးပြီးအိပ်ရင် ဆံသားကျိုးကြေပြီး ဆံသားပျက်စီးတာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်လာပါလိမ့်မယ်။

Cotton Pillowcase သုံးခြင်း

Cotton pillowcase တွေက ဆံပင်ကျွတ်တာ၊ ငြိတာ၊ ဆံသားခြောက်သွေ့တာ၊ ဖွာတာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ silk pillowcase တွေကိုသုံးပါ။

မအိပ်ခင်မှာခေါင်းမဖြီးခြင်း

အိပ်မယ်ဆိုပြီး ဒီတိုင်းဝင်အိပ်လိုက်မယ်ဆိုရင် မနက်ကျ ဆံပင်တွေရှုပ်ထွေးပြီး ဖြီးတဲ့အခါမှာ ဆံပင်ကျွတ်တာ၊ ငြိတာ၊ ပျက်ထွက်တာတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ညအိပ်ယာမဝင်ခင်မှာ ခေါင်းဖြီး၊ ဆံပင်သေချာရှင်းပြီးမှ အိပ်ပါ။

ကျစ်ဆံမြီးမကျစ်ပဲအိပ်ခြင်း

အကောင်းဆုံးကတော့ အိပ်တဲ့အခါမှာ ကျစ်ဆံမြီးကို လျော့လျော့လေးကျစ်ပြီး အိပ်ပါ။ ဒါဆိုရင် ဆံသားပျက်စီးတာ၊ ကျွတ်တာတွေဖြစ်တာ နည်းသွားပါမယ်။ ဆံပင်ဖားလျားချအိပ်ရင် ဆံပင်ရှုပ်ထွေးပြီး ကျွတ်တာတွေ ဖြစ်စေပါတယ်။

ဆံပင်အဆီမလိမ်းခြင်း

ဆံပင်အဆီမလိမ်းရင် ဆံသားခြောက်သွေ့ ဖွာလန်ပြီး ဆံပင်ပျက်စီးတာတွေ အလွယ်တကူ ဖြစ်စေပါတယ်။ ဒါကြောင့် ညအိပ်ယာဝင်ခါနီးတိုင်းမှာ အောက်ဖျားလေးတွေကို hair serum, hair oil လိမ်းပေးပါ။