Diet နဲ့ ဝိတ်ချတာက Kpop Idol တွေကြား အလုပ် များတဲ့ နည်းလမ်းပါ။ တချို့ဆိုရင် သူတို့ ဘယ်လိုအခြေအနေထိ ခက်ခက်ခဲခဲ အစာရှောင်ခဲ့လဲ ဝေမျှတတ်ကြပါတယ်။ Beauty Standard တွေက မြင့်မားလှပြီး ဒီစံချိန်တွေကို မမှီခဲ့ရင် Kpop Idol တွေအတွက် စိတ်ဖိစီးမှု အများအပြား ဖြစ်လာရတတ်ပါတယ်။ အခုဖော်ပြထားတဲ့ Diet နည်းလမ်း (၅) မျိုးကတော့ Kpop Idol တွေ ပြုလုပ်ခဲ့ဖူးတဲ့ အခက်ခဲဆုံး နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

၁။ Xiumin (EXO)

Diet နဲ့ပတ်သက်ရင် ပရိတ်သတ်အများစုက အမျိုးသမီး Idol တွေကိုပဲ ပြေးမြင်တတ်ပါတယ်။ ဒါပေမဲ့ အမျိုးသား Idol တွေလည်း ခက်ခဲတဲ့ Diet တွေကို ပြုလုပ်တတ်ကြပါတယ်။ ဒီထဲ EXO အဖွဲ့ဝင် Xiumin လည်းပါဝင်ပါတယ်။ Xiumin က ပွဲဦးထွက်စမှာ သူ့ရဲ့ ကိုယ်အလေးချိန်ကြောင့် ပတ်ပတ်စက်စက် ဝေဖန်ခံခဲ့ရဖူးသူပါ။

2013 Growl သီချင်း Promotion ကာလ အတောအတွင်း မှာ Xiumin က Coffee Diet နဲ့ ဝိတ်ချခဲ့တာပါ။ Xiumin က တစ်နေ့လုံး နေမှ အစားတစ်နပ်သာ စားပြီး ကျန်တဲ့အချိန်မှာ ဝိတ်အမြန်ကျဖို့ ကော်ဖီကိုပဲ တောက်လျှောက်သောက်ခဲ့တာပါ။ ဒီ Promotion ကာလမှာပဲ Xiumin က ဝိတ်စံချိန်တင် ကျခဲ့ပါတယ်။

၂။ T.O.P (BIGBANG)

T.O.P က Debut မတိုင်ခင်တည်းက ဝိတ်အပြင်းအထန်ချခဲ့သူပါ။ သူ့ရဲ့ ကိုယ်အလေးချိန်က Beauty Standard နဲ့ ဘယ်လိုမှ မကိုက်ညီတာကြောင့် လိုချင်တဲ့ ဝိတ်အလေးချိန်ရောက်မှ Debut ခွင့်ရမယ်လို့ ပြောခံခဲ့ရပါတယ်။

ဒီအချိန်ကနေစပြီး T.O.P က အချိုမပါတဲ့ ဂျယ်လီ၊ Mineral Water နဲ့ ပဲနီလေးကိုပဲ စားခဲ့ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းကို နေ့တိုင်း အပြင်းအထန် လုပ်ခဲ့သူပါ။

၃။ Momo (TWICE)

ပွဲဦးမထွက်ခင် ပုံတွေ၊ ဗီဒီယိုတွေကြောင့် Momo က ပြင်းထန်တဲ့ Diet ကို မလုပ်ခဲ့ဖူးသူလို့ အထင်ခံရနိုင်ပါတယ်။

ဒါပေမဲ့ သူမကလည်း ခက်ခဲတဲ့ Diet ကို ပြုလုပ်ခဲ့ဖူးပါတယ်။ ပွဲဦးမထွက်ခင်မှာ JYP Entertainment က သူမအနေနဲ့ တစ်ပတ်အတွင်းမှာ ၁၅ ပေါင် ကျရမယ်လို့ ပြောခဲ့ပါတယ်။ တစ်ပတ်ဆိုတာက ၁၅ ပေါင် ကျဖို့အတွက် မလုံလောက်တဲ့ အချိန်ကာလပါ။

ဒါပေမဲ့ တစ်ပတ်လုံးမှာ Momo က ရေခဲတုံးတွေပဲ စားခဲ့ပြီး Gym ပါဆော့ခဲ့ပါတယ်။ သူမက ပင်ပန်းလွန်းတာကြောင့် နောက်တစ်နေ့ နိုးလာပါ့မလား ကြောက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီ တစ်ပတ်ပြီးနောက် သူမ ၁၅ ပေါင် မကျခဲ့တာကြောင့် သုံးရက်အချိန်ထပ်ရခဲ့ပါတယ်။ ဒီကာလအတွင်းမှာ သူမ မေ့လဲသွားမလားဆိုပြီး တခြား အဖွဲ့ဝင်တွေက စိုးရိမ်ခဲ့ကြပါတယ်။

၄။ Jimin (BTS)

Jimin ရဲ့ ဝိတ်အများအပြား ကျခဲ့တဲ့ အချိန်ကာလက “Blood Sweat & Tears” သီချင်းထွက်တဲ့အချိန်ကပါ။

တခြား အဖွဲ့ဝင်တွေက Jimin လေ့ကျင့်နေစဉ်အတွင်း လဲကျသွားမလား အမြဲစိုးရိမ်ခဲ့ကြရပါတယ်။

Jimin က တီဗီအစီအစဉ်တစ်ခုဖြစ်တဲ့ “Please Take Care of My Refrigerator” မှာ သူ့ရဲ့ မျက်နှာပြည့်တဲ့ ပုံစံကို မကြိုက်တာကြောင့် ဝိတ်ချခဲ့တယ်လို့ ဖြေခဲ့ပါတယ်။

ဝိတ်ချနေစဉ်အတွင်း Jimin က တစ်နေ့လုံး နေမှ အစားတစ်နပ်ပဲ စားခဲ့ပါတယ်။ ဒီပုံစံအတိုင်း ၁၀ ရက်နီးပါး ပြုလုပ်ခဲ့ပါတယ်။

၅။ IU

IU ပြုလုပ်ခဲ့တဲ့ Diet ကိုတော့ YouTuber အများအပြား လိုက်လုပ်ခဲ့ကြပါတယ်။

သူမရဲ့ ပွဲဦးထွက် ၁၅ နှစ်အရွယ်မှာပဲ လူတစ်ဦးက IU ကို “ဝက်” လို့ ခေါ်ခဲ့ရာက သူမရဲ့ Diet Journey စတင်ခဲ့တာပါ။

IU ပြုလုပ်ခဲ့တဲ့ Diet နည်းလမ်းကတော့ မနက်စာကို ပန်းသီးတစ်လုံး၊ နေ့လည်စာကို ကန်စွန်းဥ တစ်လုံး ဒါမှမဟုတ် နှစ်လုံးနဲ့ ညစာ Protein Shake သောက်တာပါ။

ဒီ Diet ရဲ့ အားနည်းချက်တွေကတော့ အားနည်းတာ၊ မေ့လဲတာစတာတွေ ဖြစ်ပါတယ်။ IU အနေနဲ့ ဒီနည်းလမ်းက သူမအတွက် အန္တရာယ် များတာကို သဘောပေါက်တာကြောင့် ဆက်မလုပ်တော့ဘဲ ကျန်းမာရေးနဲ့ ညီညွတ်အောင်ပဲ နေထိုင်ပါတော့တယ်။

Source: Koreaboo

By MyStyle Myanmar