ဝယ်ထားပြီး ဘယ်တော့မှ မဝတ်ဖြစ်တဲ့ အဝတ်အစားတွေကို သင်က ပိုင်ဆိုင်ထားသူလား။ ဒါဆိုရင်တော့ သင့်အဝတ်ဗီရိုကို အသစ်ပြန်ရှင်းပြီး မရှိမဖြစ် လိုအပ်တဲ့ အဝတ်အစားတွေကိုပါ ထပ်ထည့်သင့်ပါတယ်။ တချို့ အဝတ်အစားတွေက အပြင်ပန်းမှာ လှပေမယ့် တကယ်ဝယ်လ်ိုက်တဲ့အခါ သင့်အခြေအနေ၊ ရာသီဥတု အချိန်အခါတွေနဲ့ မလိုက်ဖက်နိုင်တာတွေ ရှိပါတယ်။ ဘယ်သူမဆို ဝယ်ပြီးရင် ဝယ်ရကျိုးနပ်ဖို့ တကယ် အသုံးဝင်ပြီး လှတဲ့ အဝတ်အစားကိုပဲ ပိုင်ဆိုင်ချင်မှာပါ။ သင်က ဒီလိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အဝတ်ဗီရိုထဲ ရှိထားသင့်တဲ့ ဝယ်ရကျိုးနပ်စေမယ့် ဖက်ရှင်အသုံးအဆောင်တွေကို ဆက်ကြည့်လိုက်ပါနော်။
၁။ Blazer Coat
Blazer တွေက မထူမပါးနဲ့ ရာသီမရွေး အပေါ်ထပ် အနေနဲ့ ဝတ်ဆင်နိုင်ပါတယ်။ ရုံးတက်တဲ့အချိန်၊ ပွဲတက်တဲ့အချိန်လည်း Blazer က အသုံးဝင်သလို သာမန် ပေါ့ပေါ့ပါးပါး အချိန်မှာလည်း Blazer ကို ဝတ်ဆင်နိုင်ပါတယ်။ ရှိသင့်တဲ့ Blazer အရောင်တွေကတော့ အညို၊ ခဲရောင်၊ အနက် စတာတွေပါ။
၂။ တီရှပ်
တီရှပ်အနက်နဲ့ အဖြူကို ဘောင်းဘီရှည်နဲ့ တွဲဝတ်နိုင်သလို ထဘီ၊ စကပ် အမျိုးမျိုးနဲ့ တွဲဝတ်နိုင်ပါတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ အလှဆုံး ဖြစ်နေစေမယ့် အဝတ်အစားမျိုး ဖြစ်ပါတယ်။
၃။ ရှပ်အင်္ကျီလက်ရှည်
ရှပ်အင်္ကျီလက်ရှည်က လူကြီးလူကောင်းတွေနဲ့ တွေ့တဲ့အချိန် ဝတ်ဆင်နိုင်သလို သာမန်အချိန်မှာလည်း သင့်တော်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးအသွင် ပိုင်ဆိုင်ချင်ရင် ကြယ်သီးကို သုံးလေးလုံး ဖြုတ်ထားနိုင်ပါတယ်။ အရောင်အနေနဲ့တော့ အပြာဖျော့၊ အဖြူတို့ကို ပိုင်ဆိုင်သင့်ပါတယ်။
၄။ Tank Top
လူငယ်ဆန်ဆန် လှချင်တဲ့ ကောင်မလေးတွေအနေနဲ့ Tank Top အဖြူ၊ အနက်၊ ခဲရောင် စတာတွေကို ပိုင်ဆိုင်ထားသင့်ပါတယ်။
၅။ ဂျင်းဘောင်းဘီရှည် ဒဲ့ပွ
ဂျင်းဘောင်းဘီရှည်က အခြေအနေ မျိုးစုံမှာ အသုံးဝင်ပါတယ်။ သင့်အနေနဲ့ အရည်အသွေးကောင်းတဲ့ ဂျင်းဘောင်းဘီအမျိုးအစားကို ဝယ်သင့်ပြီး ဘယ်တော့မှ အလဟဿ မဖြစ်သွားမယ့် ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်ပါတယ်။ ဂျင်းပြာ အဖျော့၊ ဂျင်းပြာ၊ အနက်တွေက မရှိမဖြစ်ပါပဲ။
၆။ Style Pant
Stye Pant အပွကိုတော့ အနက်ရောင်နဲ့ ခဲရောင် ရွေးသင့်ပါတယ်။ ဒါ့အပြင် အဖြူနဲ့ အုတ်ခဲကျိုးအရောင်ကလည်း သင်နဲ့ လိုက်ဖက်နိုင်ပါတယ်။
၇။ Leather Jacket
Leather Jacket တွေကတော့ ဆောင်းရာသီနဲ့ လိုက်ဖက်ပြီး မိန်းကလေးတိုင်းမှာ ရှိသင့်တဲ့အထဲ ပါဝင်ပါတယ်။
၈။ အနက်ရောင် ဘွတ်ဖိနပ်
အနက်ရောင်က ဘွတ်ဖိနပ်က သင့်ကို ပိုအထာကျစေပါလိမ့်မယ်။
၉။ Converse Shoes, White Sneaker
ဒီ Sneaker တွေကတော့ သင့်ကို ဝယ်ရကျိုးနပ်အောင် စွမ်းဆောင်ပေးနိုင်မယ့် ဖိနပ်တွေပါ။
Photo Source: Pinterest
By MyStyle Myanmar