ကိုယ့်ချစ်သူက အရင်နဲ့မတူတော့ရင် တစ်ခုခုကို ခံစားမိကြမှာပါပဲ။ သင့်စိတ်ထဲမှာလည်း အကြောင်းတစ်ခုခုကြောင့် ချစ်သူက အသစ်တွေ့နေတာလား၊ ဖောက်ပြန်နေပြီလား၊ ကိုယ်နဲ့မတွဲချင်တော့ဘူးလားဆိုပြီး တွေးမိလာရင်တော့ ဒီအချက် ၄ ချက်နဲ့သာ တိုက်စစ်ကြည့်ပါ။

ဖုန်းနဲ့ပတ်သက်ပြီးသိသာခြင်း

ကိုယ့်ချစ်သူက သူ့ရဲ့ဖုန်းကိုတစ်ချိန်လုံးစောင့်ကြည့်နေပြီး တစ်ယောက်ယောက်ဆီက လာမယ့်စာတွေကို မျှော်နေတာ၊ ဖုန်းကို အရင်ထက်ပိုသုံးပြီး သင်နဲ့တွေ့ရင်တောင် ဖုန်းကို တစ်ချိန်လုံးကြည့်နေတာ၊ ခဏခဏ မသိတဲ့ဖုန်းတွေလာပြီး message ထဲလည်း ခဏခဏဝင်ကြည့်နေတာ၊ massage တွေခိုးပို့နေတာ စတာတွေကို လုပ်နေပြီဆိုရင်တော့ သေချာစုံစမ်းကြည့်ပါတော့။ အရင်က သူ့ဖုန်းကို ယူကြည့်လည်းပြနေကျ၊ အခုမပြတော့ဘူး ဖုန်းကိုပြရမှာကြောက်နေတယ်၊ ဖုန်းယူကြည့်ရင် စိတ်ဆိုးတယ် ဆိုရင်တော့ သင့်ချစ်သူဟာ နောက်တစ်ယောက်တွေ့နေတာ ဖြစ်ဖို့များနေပါပြီ။

ကိုယ့်အပေါ်ဆက်ဆံတာပြောင်းလဲလာခြင်း

နှစ်ယောက်သားဆက်ဆံရေးကလည်း အရင်လိုမဟုတ်တော့ပဲ တစိမ်းဆန်လာတယ်၊ သင့်အပေါ်မှာ ဆက်ဆံတာတွေက အရင်နဲ့မတူပဲ သိသိသာသာကို ပြောင်းလဲလာတယ်၊ ကိုယ်ဘာပဲဖြစ်ဖြစ် အရင်လိုစိတ်မပူတော့ဘူး၊ ဘယ်သွားသွားလည်း ကိုယ့်ကိုပြောမသွားတော့ဘူး၊ သိပ်အလေးမထားတော့တဲ့ ပုံစံမျိုးတွေဖြစ်လာပြီး လိုက်မေးရင်တောင် မကြိုက်တော့ဘူးဆိုရင်တာ့ ကိုယ့်အပေါ်မှာ အရင်လို စိတ်ဝင်စားမှုမရှိတော့တာ ဖြစ်နေပါပြီ။

အချိန်မပေးတော့ခြင်း

အလုပ်မအားလို့မဟုတ်ပဲ ကိုယ့်အပေါ်မှာ အရင်လို အချိန်မပေးနိုင်တော့ဘူး။ အရင်ထက်ပိုပြီးတော့လည်း အလှကြိုက်လာမယ်၊ အလှတွေပြင်လာမယ်၊ ကိုယ်ချိန်းရင်ကျ ရှောင်နေပြီး သူ့ဘာသာသူကျ အပြင်တွေခဏခဏသွားနေမယ် ဆိုရင်တော့ နောက်တစ်ယောက်တွေ့နေတာ ဖြစ်နိုင်ချေ များပါတယ်။

သတင်းတွေကြားလာရခြင်း

ဒီလိုတွေပြောင်းလဲလာတာကို ခံစားမိတဲ့နောက်ပိုင်းမှာမှ သင့်ချစ်သူနဲ့ပတ်သက်ပြီး ဟိုနေရာမှာ ဘယ်သူနဲ့တွေ့တယ် စသဖြင့် သတင်းတွေကြားလာရပြီဆိုရင်တော့ ကိုယ့်စိတ်ကိုသာ ပြင်ဆင်ထားပါတော့။ ဒီလိုအချက်တွေနဲ့ အများကြီးတိုက်ဆိုင်နေပြီဆိုရင် သင့်ချစ်သူက ခြေလှမ်းတွေပြတ်ပြီး နောက်တစ်ယောက်ရနေတာ ဖြစ်နိုင်ချေ အများဆုံးပါပဲ။