အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မှာတော့ ဆံနွယ်ရှည်ရှည်လေးကို ပိုင်ဆိုင်ထားတဲ့ ပျိုမေလေးတွေအတွက်ရော မိမိဆံကေသာကို ပြင်ဆင်ထုံးဖွဲ့ရတာလည်း ဝါသနာပါတဲ့ ပျိုမေလေးတွေအတွက်ပါ ပြုလုပ်ရတာလွယ်ကူရိုးရှင်းပြီး နတ်သမီးတစ်ပါးလိုလှသွားစေမယ့် ဆံပင်စတိုင်လ်ပြုလုပ်နည်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။
ဆံထုံး ထုံးပြီး ကျစ်ဆံမြီးကျစ်နည်း
အရင်ဆုံး ဆံပင်တစ်ဝက်အရင်စည်းလိုက်ပါ။ စည်းထားတဲ့ဆံပင်ကို ဆံထုံးထုံးပြီး ကျစ်ဆံမြီး တစ်ချောင်း၊ ဒါမှမဟုတ် သုံးချောင်းလောက် ကျစ်ပေးလိုက်မယ်ဆိုရင်ပဲ သပ်သပ်ရပ်ရပ်လေးနဲ့ နန်းစံသွားမှာနော်။
ကျစ်ဆံမြီးဆံထုံး
ဆံပင် တစ်ဝက်အရင်စည်းပြီး ကျစ်ဆံမြီး ခပ်ကြီးကြီး ကျစ်လိုက်ပါ။ ကျစ်ထားတဲ့ ကျစ်ဆံမြီးကို ဆံထုံးထုံးပြီး ခေါင်းစည်းကြိုးနဲ့ ခိုင်ခိုင်စည်းထားလိုက်မယ်ဆိုရင် တကယ့်ကို လှပသွားမှာပါ။
ကျစ်ဆံမြီး သရဖူ
ကျစ်ဆံမြီးကို ဘေးနှစ်ဖက် ဟိုဘက်ဒီဘက် နှစ်ချောင်းစီကျစ်ပေးလိုက်ပါ။ အလယ်ကိုတော့ ကလစ်နဲ့ညှပ်ပြီး ဖောင်းဖောင်းလေးဖြစ်အောင် ပြုလုပ်ပါ။ ပြီးရင် ကျစ်ဆံမြီးလေးချောင်းကို ဟိုဘက်ဒီဘက် ပတ်ပြီး ကလစ်လေးနဲ့ ထိုးပေးလိုက်မယ်ဆိုရင် လှပတဲ့ သရဖူကျစ်ဆံမြီးလေးကို ပိုင်ဆိုင်နိုင်ပြီပေါ့။
ရေတံခွန် ကျစ်ဆံမြီး
ကျစ်ဆံမြီးနှစ်ခုကို ဘေးတစ်ဖက်တစ်ချက်စီမှာ ကျစ်ပေးပြီး အလယ်မှာစုလိုက်ပါ။ အောက်ဖျားပိုင်းက ကျန်တဲ့ဆံပင်တွေကိုတော့ နှစ်ချောင်းကျစ်ဆံမြီးခပ်ပွပွလေးကျစ်ပေးလိုက်ပါ။
ဘေးတစောင်း ကျစ်ဆံမြီး
ပန်းပွင့်ပုံ ကျစ်ဆံမြီး
ဘေးနှစ်ဖက်ကို ကျစ်ဆံမြီးကျစ်ပြီးတော့ ကျစ်ထားတဲ့ ကျစ်ဆံမြီးကို အလယ်မှာ ပန်းပွင့်ပုံစံ ဆံထုံးပြန်ထုံးတဲ့ ဆံပင်စတိုင်လ်လေးပါ။
ဒီဆံပင်စတိုင်လ်လေးကတော့ ကျစ်ဆံမြီး သုံးချောင်းကျစ်ပြီး ပန်းပွင့်ပုံအလိပ်လေး ပြန်လိပ်တဲ့ သရဖူပုံစံ ဆံပင်စတိုင်လ်လေးပါပဲ။
ပန်းပွင့်ပုံ ဆံပင်စတိုင်လ်နောက်တစ်မျိုးပြုလုပ်နည်း
အခြားလှပတဲ့ ဆံပင်စတိုင်လ်များ
Photo Source: Pinterest