သင်တို့ Relationshipမှာ စိတ်ပင်ပန်းစရာတစ်ခုခု ကြုံလာတဲ့အခါတိုင်းမှာ သူ ငါ့ကို တကယ်ရောချစ်ရဲ့လား၊ တကယ်မချစ်ဘူးလားဆိုတဲ့ မေးခွန်းတွေကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိပြီး တွေဝေနေတတ်ပါသလား။ ဘယ်လိုအချက်လေးတွေက သင်တို့ရဲ့အချစ်ရေးကို အဆုံးသတ်ဖို့ တဖြည်းဖြည်း တွန်းပို့နေတတ်သလဲဆိုတာ သတိထားဆင်ခြင်မိစေဖို့ ဝေမျှပေးလိုက်ပါတယ်နော်။ တကယ်လို့ ကိုယ့်တကယ်နှစ်နှစ်ကာကာချစ်ပြီး တန်ဖိုးထားရတဲ့ Relationship တစ်ခုကို လွယ်လွယ်နဲ့အဆုံးရှုံးမခံနိုင်ဘူးဆိုရင်တော့ ဒီအချက်တွေကို ရှောင်ကြဉ်ပေးဖို့ လိုအပ်ပါတယ်နော်။
အမှားတွေကိုပဲ လိုက်ရှာဖွေနေတယ်
သူ့ရဲ့အမှားတွေကို ဆက်တိုက်ရှာဖွေနေမယ်၊ အပြစ်ရောက်စေတဲ့ မေးခွန်းတွေပဲ ဆက်တိုက်မေးနေမယ်၊ မျက်စိဒေါက်ထောက် ကြည့်နေမယ်ဆိုရင်တော့ ပြတ်စဲတဲ့အချစ်ရေးကို ဦးတည်နေပါပြီ။
အပေးသမားပဲ ဖြစ်နေတယ်
Relationship တစ်ခုမှာ ကိုယ်ကပဲတစ်ဖက်သတ်ကြီး အပေးသမားပဲဖြစ်နေတယ်လို့ ခံစားနေရရင်တော့ သင်တို့ရဲ့ Relation က အဆုံးသတ်လုဆဲဆဲဖြစ်နေပါပြီ။ အမြဲနားလည်ပေးနေကျသူကလည်း အမြဲနားလည်ပေးနိုင်မှာမဟုတ်ဘူး။ သင်တို့ရဲ့အချစ်ရေးကို အဆင်ပြေချင်တယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ထပ်တူညီမျှရှိသင့်ပါတယ်။
မှားတဲ့အမှားတွေကို ထပ်ထပ်ခါခါလုပ်မိနေမယ်
အရင်တုန်းက ပြဿနာတွေဖြစ်ခဲ့ကြတဲ့ အမှားတွေကို မဆင်ခြင်ဘဲ အမှားတွေသာ ထပ်ခါထပ်ခါ ဆက်လုပ်နေဦးမယ်ဆိုရင် သင်တို့ရဲ့ Relation က ဆက်လက်မြဲဖို့ မဖြစ်နိုင်တော့ပါဘူး။ သည်းခံနေတဲ့သူကလည်း ထပ်တလဲလဲအမှားတွေကို ဆက်ပြီးသည်းခံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် သင်တို့ရဲ့အချစ်ရေးကို မပျက်စီးချင်တဲ့အခါ အမှားတွေကို ထပ်ခါထပ်ခါလုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် စိတ်ပင်ပန်းအောင် မလုပ်မိဖို့လိုပါတယ်။
သူများတွေရဲ့Relationship ကို အားကျနေမယ်
ကိုယ့်ရဲ့ သူငယ်ချင်း၊ ကိုယ့်ရဲ့အသိမိတ်ဆွေတွေရဲ့ အချစ်ရေးကို အားကျနေမိတတ်ကြပါတယ်။ အားကျနေမိတာက အပြစ်မဟုတ်ပေမဲ့ အဲဒီအခါ ကိုယ့်ရဲ့ Relation ကို အပြစ်မြင်ပြီး စိတ်ပင်ပန်းမှုတွေ ကြုံလာတတ်ကြပါတယ်။ သူများတွေလိုမဖြစ်နိုင်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ကတောက်ကဆတ်တွေပဲ ပိုများလာလို့ နောက်ဆုံးမှာ သင်တို့ရဲ့အချစ်လမ်းခရီးက Breakup ဖြစ်သွားမှာပါပဲ။
အချိန်တိုင်း ရင်ခုန်သံအသစ်တွေကို လိုချင်နေတယ်
သင်တို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းအစတုန်းက ရင်ခုန်သံတွေက လတ်ဆတ်နေပါလိမ့်မယ်။ ဒါပေမဲ့ အချိန်ကြာလာတဲ့အခါ ပျင်းရိငြီးငွေ့တတ်လာပြီးနောက် ရင်ခုန်သံအသစ်အသစ်တွေကိုပဲ ထပ်ပြီးလိုချင်နေပြီဆိုရင်တော့ သင်တို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းက အမုန်းတွေနဲ့ အဆုံးသတ်သွားမှာပါပဲ။