အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ မျက်နှာအသားအရေ ထိန်းသိမ်းနည်းမဟုတ်ပဲ့နဲ့ အလှအပအတွက် ခြေထောက်အသားအရေလေး နူးညံ့စိုပြေပြီး ကြည့်ကောင်းနေဖို့ကလည်း အရေးကြီးတဲ့အတွက် Baby Feetလေးတွေလို နူးညံ့ပြီးဖြူဖွေးနေတဲ့ ခြေထောက်အသားအရေလေး ပိုင်ဆိုင်စေဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။
သင်နေ့စဉ်အသုံးပြုနေတဲ့ ခြေထောက်အသားအရေလေး ခြောက်သွေ့ကြမ်းတမ်းနေတာကို လျစ်လျူမရှုသင့်ပါဘူး။ ခြောက်သွေ့ကြမ်းတမ်းနေတဲ့ သင့်ခြေထောက်အသားအရေကို နူးညံ့စိုပြေနေစေဖို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးပါမယ်နော်။
ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး နူးညံ့စိုပြေတဲ့ အသားအရေကို ရရှိစေမှာဖြစ်ပါတယ်။
၁။ ပါဝင်ပစ္စည်း
- တဘက်တစ်ထည်
- ဂျေးတွန်းကျောက်
- ရေချိုးဆပ်ပြာ
- Moisturizer
ပြုလုပ်နည်း
ခွက် (သို့) ဇလုံထဲကို ရေနွေး၊ ဆပ်ပြာထည့်လိုက်ပါ။ မိနစ် ၂၀ လောက်ထားပြီး ဂျေးတွန်းကျောက်နဲ့ ညင်သာစွာ တွန်းပေးပါ။
ပြီးရင်တော့ ရေသေချာဆေးပေးလိုက်ပြီး ခြောက်အောင်သုတ်လိုက်ပါ။ ပြီးရင်တော့ Moisturizer လိမ်းပေးလိုက်ပါ။
၂။ ပါဝင်ပစ္စည်း
- ရှာလကာရည်
- ခံတွင်းဆေးရည်
- ရေနွေး
- ရေချိုးစ
- တဘက်
ပြုလုပ်နည်း
ရေနွေးထဲကို ရှလကာရည်၊ ခံတွင်းဆေးရည် တို့ကိုထည့်လိုက်ပါ။ ခြေထောက်ကို မိနစ် ၃၀ ကနေ ၆၀ အထိ စိမ်ထားပါ။
ပြီးရင်တော့ ရေချိုးစလေးနဲ့ သေချာလေး ပွတ်ပေးပါ။
ခြေထောက်ကို ရေသေချာပြန်ဆေးပါ။
အဲဒီနောက် တဘက်နဲ့ သေချာပြန်သုတ်ပေးပါ။
ပြီးရင်တော့ Moisturizer လိမ်းပေးပါ။
Source: www.fabhow.com