မင်္ဂလာပါနော်။ တစ်ခါတစ်လေမှာ ညဘက်တွေစောစောအိပ်ချင်ပေမယ့် စိတ်ဖိစီးမှုတွေ၊ ပူပန်စရာအတွေးတွေကြောင့် ဘယ်လိုမှ အိပ်လို့မရတာမျိုး တော်တော်များများကြုံဖူးကြမယ်ထင်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ မအိပ်ခင် သီချင်းအေးအေးလေးတွေ နားထောင်ပေးတာက သင့်ကို အတွေးမများတော့ဘဲ သီချင်းနဲ့အတူစီးမျောကာ စိတ်အပန်းပြေပြီး လွယ်လွယ်နဲ့အိပ်ပျော်စေမှာပါ။
သင်က Kpop သီချင်းလေးတွေလည်း နားထောင်ရတာ ကြိုက်တဲ့သူတစ်ယောက်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ကိုးရီးယားသီချင်းကောင်းလေးတွေကို အိပ်မပျော်တဲ့နေ့တွေမှာ နားဆင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်နော်။ ပါဝင်တဲ့အဆိုတော်တွေရဲ့ ခံစားချက်အပြည့်နဲ့ စိတ်ကူးယဉ်ဆန်တဲ့ အသံငြိမ့်ငြိမ့်လေးတွေက နားဆင်သူတိုင်းကို အိပ်မက်ကမ္ဘာထဲ ရောက်သွားအောင် ဆွဲခေါ်သွားနိုင်မှာ အသေအချာပါပဲ။
အဆိုတော် IU ရဲ့ “Through the Night”
NCT 127 အဖွဲ့ရဲ့ “Knock On”
အဆိုတော် BIBI ရဲ့ “Restless”
အဆိုတော် Jo YuRi ရဲ့ “Express Moon”
WINNER အဖွဲ့ရဲ့ “Baby Baby”
အဆိုတော် Seori နဲ့ Giriboy တို့ရဲ့ “The Long Night”
အဆိုတော် Chungha ရဲ့ “Week”
Girls’ Generation အဖွဲ့ဝင် Taeyeon ရဲ့ “11:11”
SHINee အဖွဲ့ဝင် Taemin ရဲ့ “Day and Night”
အဆိုတော် Yukika ရဲ့ “Insomnia”
Source: Youtube