အချိန်ကုန်သက်သာပြီး ငွေကြေးကုန်ကျတာမရှိတဲ့ သဘာဝဆန်ဆေးရည်မှာ အလှအပဆိုင်ရာအကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ပျိုမေလေးတွေရဲ့အသားအရေအတွက် ဆန်ဆေးရည်ကို ဘယ်လိုအကျိုးရှိရှိ အသုံးချလို့ရသလဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်။

နေလောင်တာတွေကိုလည်း ပျောက်ကင်းစေတယ်

ဒီတစ်ခါတော့ဆန်ဆေးရည်ကိုရေခဲသေတ္တာထဲထည့်လိုက်ပါ။ အေးနေတဲ့ ဆန်ဆေးရည်ကိုမှ နေလောင်ထားတဲ့နေရာပေါ်မှာလိမ်းပေးပါ။ နေ့တိုင်းပြုလုပ်ပေးဖို့တော့လိုပါမယ်။

တိုနာအနေနဲ့သုံးရင်

ဆန်ဆေးရည်ကို တိုနာအနေနဲ့ပုံမှန်သုံးပေးမယ်ဆို ချွေးပေါက်တွေကျဉ်းပြီး အသားအရေတင်းရင်းလာပါလိမ့်မယ်။

မျက်နှာသစ်အနေနဲ့

ဆန်ဆေးရည်နဲ့ပုံမှန်မျက်နှာသစ်ပေးမယ်ဆို သင့်အသားအရေကနူညံ့ပြီး ညီညာလာပါလိမ့်မယ်။ ပုံမှန်ရေနဲ့သစ်သလိုမျိုးမဟုတ်ဘဲ တိုနာသုံးသလိုသုံးပေးရမှာပါ။ ဂွမ်းလေးနဲ့ဆန်ဆေးရည်ထဲနှစ်လိုက်၊ မျက်နှာပေါ်တင်ပြီး စက်ဝိုင်းပုံအတိုင်းပွတ်ပေးလိုက်နဲ့ (၅) မိနစ်လောက်ပြုလုပ်ပေးရမှာပါ။ ပြီးတော့မှရေဆေးချလိုက်ပါ။

ဝက်ခြံတွေကိုလည်း ကုသပေးတယ်

ဆန်ဆေးရည်က ဝက်ခြံနဲ့ အမာရွတ်တွေကိုလည်း ကုသပေးနိုင်ပါတယ်။ မျက်နှာသစ်တဲ့အခါ ဆန်ဆေးရည်နဲ့မသစ်ချင်ဘူးဆိုလည်း တခြားအချိန်တွေမှာ ဆန်ဆေးရည်ထဲဂွမ်းလေးစိမ်ပြီး (၁၀-၁၅) မိနစ်လောက်ပွတ်ပေးမယ်ဆို ဝက်ခြံတွေပျောက်သွားပါလိမ့်မယ်။

နှင်းခူတွေကိုလည်း ပျောက်ကင်းစေတယ်

နှင်းခူအတွက်ဆိုရင်တော့ ဆန်ဆေးရည်ကိုအရင် ပွက်ပွက်ဆူအောင်တည်လိုက်ပါ။ ပြီးရင်တော့အအေးခံပြီး နှင်းခူပေါက်တဲ့နေရာမှာ လိမ်းပေးလို့ရပါပြီ။ မအေးသေးဘဲနဲ့တော့ မလိမ်းမိဖို့သတိထားစေချင်ပါတယ်။ ရလဒ်ကောင်းကောင်းလိုချင်ရင်တော့ နေ့စဉ်ပုံမှန်လိမ်းပေးလို့ရပါတယ်။