သင်က Eye cream ကို သဘာဝနည်းလမ်း သုံးပြီး သဘာဝပစ္စည်းတွေနဲ့ ဖန်တီးချင်သူ ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ သဘာဝပစ္စည်းတွေကလည်း အသားအရေအတွက် အကျိုးများစွာ ရှိနိုင်တဲ့ အလှပြင်ပစ္စည်းတွေ ဖြစ်ပါတယ်။ သင်က အောက်ဖော်ပြပါ ပစ္စည်းတွေ အိမ်မှာ အရံသင့် ရှိနေမယ်ဆိုရင် Eye Cream ကို ဈေးကြီးပေးပြီး ဝယ်စရာမလိုတော့ပါဘူး။
ဒီတော့ မျက်ကွင်းညိုတာ သက်သာစေမယ့်အပြင် အရေးအကြောင်းတွေ လျော့ပါးစေမယ့် DIY Eye Cream လုပ်နည်းကို ကြည့်လိုက်ရအောင်နော်-
၁။ ရှားစောင်းလတ်ပတ်ဂျယ် တစ်ဇွန်း
ရှားစောင်းလတ်ပတ်က မျက်လုံးအောက် အသားအရေကို စိုပြေစေပြီး ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။
၂။ ဗီတာမင်အီး နှစ်လုံး
Vitamin E က မျက်အိတ်ဖောင်းတာကို သက်သာစေပါတယ်။ အသားအရေ ရောင်ရမ်းတာကို သက်သာစေတဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။
၃။ ဗာဒံဆီ တစ်ဇွန်း
ဗာဒံဆီနဲ့ ဗီတာမင်အီး အာနိသင် ရောသွားတဲ့အခါ မျက်လုံးအောက် အသားအရေအတွက် အင်မတန် အသုံးဝင်ပါတယ်။ ဗာဒံစေ့ အဆီက မျက်ကွင်းညိုတာ သက်သာစေပြီး မျက်အိတ်ဖောင်းတာကို လျော့ပါးစေပါတယ်။
ဒီသုံးမျိုးကို ခွက်တစ်ခွက်ထဲမှာ ထည့်ကာ အနှစ်ပုံစံ ရတဲ့အထိ မွှေပေးရပါမယ်။ မွှေပြီးနောက် လက်ညိုးနဲ့ ယူကာ မျက်လုံးအောက်မှာ စက်ဝိုင်းပုံစံ လိမ်းပေးရပါမယ်။ လိမ်းပြီးနောက် အသာလေး ပုတ်ပေးရပါမယ်။ ဒီလို ပုတ်ပေးတဲ့အခါ Eye Cream ကို ပိုစိမ့်ဝင်စေပါတယ်။
ဒီ DIY Eye Cream က မျက်ကွင်းညိုတာ သက်သာစေတဲ့အပြင် ရေဓာတ်အမြဲ ပြည့်နေစေပါလိမ့်မယ်။ ဒါ့အပြင် အရေးအကြောင်းနဲ့ အစက်အပြောက်တွေကို သက်သာစေပါတယ်။
ဒီ Eye Cream ကို ညဘက် အိပ်ခါနီးတိုင်း ပုံမှန်လိမ်းပေးနိုင်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar