ဒီတစ်ခေါက် ပြောပြမယ့် မျက်နှာ ပေါင်းတင်နည်း အတွက် ပစ္စည်း ၂ မျိုးပဲ လိုအပ်ပါတယ်။ ဒီပစ္စည်း ၂ မျိုးကလည်း သင် အလွယ်တကူ ရနိုင်တဲ့ သဘာဝပစ္စည်းတွေ ဖြစ်တာကြောင့် လွယ်ကူမှာပါ။
ဒီနည်းလမ်းနဲ့ မျက်နှာ ပေါင်းတင်ပြီးနောက်မှာတော့ ရနိုင်တဲ့ အကျိုးကျေးဇူးတွေက-
၁။ အရေးအကြောင်း လျော့ပါးလာပြီး မျက်နှာ တင်းရင်းလာပါလိမ့်မယ်။
၂။ အိုမင်း ရင့်ရော်မှုကို နှေးကွေးစေပါတယ်။
၃။ မျက်နှာ ရောင်ရမ်းတာ၊ မျက်နှာနီမြန်းတာ၊ ယားယံခြင်းတို့ကို လျော့ကျစေပါတယ်။
၄။ ချွေးပေါက်ကျဉ်းစေပြီး အသားအရေ အရောင်ညီ လာစေပါလိမ့်မယ်။
ဒီနည်းလမ်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့-
၁။ ငှက်ပျောသီး တစ်ဝက်ကို ချေထားတာ
Photo source: Tarla Dalal
ငှက်ပျောသီးက အသားအရေကို အစိုဓာတ် ပေးစွမ်းနိုင်ပါတယ်။ အသားအရေ တင်းရင်းစေပြီး အရေးအကြောင်းတွေကို လျှော့ချပေးပါတယ်။
၂။ ဒိန်ချဉ် နှစ်ဇွန်းပါ။ ဒိန်ချဉ်က အသားအရေ အရောင်ကို ညှိပေးနိုင်ပါတယ်။ ဝက်ခြံသက်သာစေပြီး အသားအရေကို တောက်ပစေပါတယ်။
Photo Source: Organic Authority
ဒီ ပေါင်းတင်နည်းအတွက် ဒါပဲ လိုအပ်ပါတယ်။ ဒီနှစ်မျိုးကို ရောပြီးနောက် အနှစ်ရအောင် မွှေပေးရပါမယ်။
Photo Source: Pinterest
ပြီးရင်တော့ ဒီအရောကို မျက်နှာမှာ လိမ်းပေးရပါမယ်။ လိမ်းပြီးနောက် မိနစ် ၂၀ ထားပေးရပါမယ်။ ထားပြီးနောက် ရေဆေးချရပါမယ်။ ဒီနည်းလမ်းကို တစ်ပတ်မှာ တစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။
By MyStyle Myanmar