ဆံပင်အရှည်နဲ့ ကောင်မလေးတွေအတွက် ဓာတ်ပုံရိုက်တဲ့အခါမှာ ပိုပြီးလှနေစေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

ကောင်းကင်ပါအောင်ရိုက်ပြီး ဆံပင်လေးကိုအနောက်မှာထားပြီး ခေါင်းလေးနည်းနည်းမော့ပြီး ပို့စ်ပေးကြည့်ပါ။ ဒီလိုပို့စ်မျိုးက ဆံပင်ရှည်ရင် အရမ်းလှပါတယ်။

ဆံပင်အရှည်လေးကို နှစ်ဖက်အရှေ့ချပြီး ဒီလိုလေးလည်း ပို့စ်ပေးရိုက်ကြည့်ပါ။ ရိုးရိုးလေးနဲ့ အရမ်းလှတဲ့ ပုံကောင်းတစ်ပုံ ထွက်လာပါလိမ့်မယ်။

ဆံပင်လေးကို ဒီလိုချထားပြီ ဘေးတစ်စောင်းလေး ပို့စ်ပေးကြည့်ပါ။ အရမ်းလှပြီး ဆွဲဆောင်မှုရှိစေပါတယ်။

ဆံပင်အရှည်လေးတွေကို အနောက်ပို့စ်ထားပြီး ခေါင်းနည်းနည်းငုံ့ကာ လမ်းလျှောက်လာတဲ့ပုံလေးကို snap ဆန်ဆန်ရိုက်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဆံပင်ရှည်တဲ့သူတွေက ဒီပို့စ်လေးလည်း လုပ်ဖြစ်အောင်လုပ်ကြည့်ပါ။ မျက်နှာမမြင်ရတာတောင်မှ ဆံပင်ကြောင့် လှနေစေမယ့် ပို့စ်ပါပဲ။

ဆံပင်အရှည်လေးကိုချထားပြီး ဒီလိုလေးပို့စ်ပေးတာလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။

ဘေးတစ်စောင်းနေပြီး လက်တစ်ဖက်က ဆံပင်ကို ဒီလိုလေးလှန်တင်နေတဲ့ပုံလေးလည်း ရိုက်ကြည့်ပါ။ ဆွဲဆောင်မှုရှိပြီးလှတဲ့ ပုံကောင်းလေးရလာပါလိမ့်မယ်။

ဆံပင်အရှည်လေးကို စည်းထားတယ်ဆိုရင် ဆံပင်အသားပေးတဲ့ ဒီလိုပို့စ်လေးရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

ဒီပို့စ်ဆိုလည်း ဆံပင်ရှည်လေးမိုက်လေပါပဲ။ အရမ်းလည်းလှပါတယ်။

ဒီလိုထိုင်ရိုက်ပြီး ဆံပင်အသားပေးချင်ရင် လက်တစ်ဖက်နဲ့ ဆံပင်ကိုသပ်တဲ့ပို့စ်လေး လုပ်ကြည့်ပါ။

ဆံပင်အရှည်ထားတဲ့ ကောင်မလေးတွေက ဓာတ်ပုံရိုက်ရင် ဆံပင်ချပြီး ရိုက်ရတာ တစ်ပုံနဲ့တစ်ပုံမတူအောင် ဆံပင်ကို အရှေ့နှစ်ဖက်ချလိုက်၊ အနောက်ကိုပို့ထားလိုက်နဲ့ ပြောင်းရိုက်ပါ။ ပြီးရင် ဒီလို တစ်ဖက်ကိုအနောက်ပို့၊ တစ်ဖက်က အရှေ့လေးကိုယူချထားပြီးတော့လည်း ရိုက်ကြည့်ပါ။ အရမ်းလှတဲ့ ပုံကောင်းလေးတွေ ရလာမှာပါ။

photo source:www.pinterest.com