လက်သည်းပုံဖော်ရတာကို ကြိုက်ပေမယ့် အရမ်းရှုပ်နေတာမျိုးတွေ မကြိုက်တဲ့သူတွေအတွက် အရမ်းလှတဲ့ cat eyes လက်သည်းဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီအရောင်လေးက cat eyes ဆိုးရင် အရမ်းလှတဲ့ အရောင်လေးပါ။ အသာဖြူဖြူ၊ ညိုညို အားလုံးနဲ့လိုက်ဖက်ပြီး လက်သည်းအရှည်ထားရင်ပဲဖြစ်ဖြစ်၊ လက်သည်းအတိုထားရင်ပဲဖြစ်ဖြစ် လိုက်ဖက်ပါတယ်။

Cat eyes ကို ဒီလိုအရောင်လေးဆိုးပြီး ရောင်ပြန်ကျောက်လေးတွေကပ်လိုက်ရင် အရမ်းလှပါတယ်။ ပွဲတွေသွားစရာရှိရင် ဒါလိုလေးဆိုးတာနဲ့ အရမ်းလိုက်ပါတယ်။

ခရမ်းရောင်ကြိုက်တဲ့သူဆိုရင် cat eyes ကို ခရမ်းရောင်ဆိုးကြည့်ပါ။ အမြင်တစ်မျိုးဆန်းပြီး အရမ်းလှပါတယ်။

ဒီလိုအပြာလေးဆိုရင် အသားဆောင်တဲ့အရောင်လေးပါ။ Cat eyes ဆိုးရင် ပိုတောင်လှပါသေးတယ်။ လက်လေးပိုဖြူပြီး လှနေမှာ သေချာပါတယ်။

Cat eyes ကို အမဲဆိုးတာကတော့ အထာကျပြီး အရမ်းလှပါတယ်။ အမဲမှာ ငွေရောင်ထပ်ထားရင် ပိုတောင်လှပါသေးတယ်။ ခြေထောက်ဆိုးလည်း အသားပိုဖြူသလို ဖြစ်သွားမှာပါ။

Cat eyes ကို ဒီလိုထိပ်လေးပဲဆိုးတာမျိုးဆိုလည်း အရမ်းလှပါတယ်။ ရှင်းရှင်းလေးနဲ့ လှတာပါ။ ဒါပေမယ့် လက်သည်းအရှည်ကြီးထားမှသာ ဒီလိုပုံလေးနဲ့ ပိုလိုက်တာပါ။

ပန်းရောင်ကို cat eyes ဆိုးပြီး အလှလေးတွေကပ်ရင်တော့ မိန်းကလေးဆန်ပြီး အရမ်းလှနေမှာ သေချာပါတယ်။

Cat eyes ကို အဖြူဆိုးရင်တော့ သန့်ပြန့်ပြီးကိုလှနေမှာပါ။ ပွဲအခမ်းအနားတွေနဲ့ဆိုလည်း အရမ်းလိုက်ပါတယ်။

ဘိုဆန်ပြီး အရောင်ငြိမ်တာမျိုးကြိုက်ရင်တော့ cat eyes ကို ဒီလိုအရောင်လေးတွေ ဆိုးကြည့်ပါ။ အသားဆောင်ပြီး အရမ်းလှပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ကျားသစ်ကွက်ပုံလေး ပုံဖော်ပြီး cat eyes လေးဆိုးထားတာ အရမ်းလှပါတယ်။ အသားဆောင်ပြီး လက်ပိုပေါ်စေပါတယ်။ ဒီလိုအရောင်လေးတွေက အသားဖြူဖြူ၊ ညိုညို အားလုံးနဲ့လိုက်တဲ့ အရောင်လေးဖြစ်ပါတယ်။

Photo source:www.pinterest.com