အမျိုးသမီးတိုင်း ရင်သားလှလှကို ပိုင်ဆိုင်ချင်ကြမှာပါ။

ဒါပေမဲ့ အသက်အရွယ်ရလာတာနဲ့အမျှ ရင်သားဟာ တဖြည်းဖြည်း တွဲကျလာပါတယ်။ တစ်ချို့ဆိုရင်တော့ အသက်အရွယ်မရခင်ကတည်းက ရင်သားတွဲတာ တင်းတင်းရင်းရင်းမရှိတာမျိုး ဖြစ်တတ်ပါတယ်။ ကျုံ့နိုင်ဆန့်နိုင်တဲ့ ဂုဏ်သတ္တိတွေ မရှိတော့လို့ဖြစ်ပါတယ်။

ဒီတော့ သဘာဝနည်းလမ်းနဲ့ အဖြေရှာကြရအောင်ပါ။ နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ ပုံမှန်အနေနဲ့တော့ ရင်သားကို နှိပ်နယ်ပေးတာ ရင်သားနဲ့ပတ်သတ်တဲ့ လေ့ကျင့်ခန်းတွေလုပ်ပေးတာပါ။ နောက်သဘာဝနည်းလမ်းတစ်ခုကိုအသုံးပြုမယ်ဆိုရင်တော့ ကြက်ဥကို ရည်ညွှန်းချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ကြက်ဥ ၁ လုံး
  • ဗီတာမင် E အဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကို ရောပြီး သေချာမွှေလိုက်ပါ။ ပြီးရင် ရင်သားပေါ်မှာလိမ်းပေးပြီး သေချာပွတ်ပေးပါ။ ပြီးရင် နာရီဝက်လောက်ထားပါ။ အဲဒီနောက် ရေဆေးနဲ့ ဆေးချပါ။

တစ်ပတ်ကို ၂ ကြိမ်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ရလဒ်ကောင်းတွေရရှိနိုင်ကြပါစေ။