အားလုံးပဲမင်္ဂလာပါနော်။ အပန်းဖြေ ခရီးထွက်ရင်း ရေကူးဝတ်စုံနဲ့ ဓာတ်ပုံရိုက်တဲ့အခါ အခုဖော်ပြမယ့် အချက်လေးတွေကို သတိထားဖို့လိုပါတယ်။

ဖုန်းနဲ့ပဲ ဓာတ်ပုံရိုက်ရိုက်၊ ကင်မရာနဲ့ပဲ ဓာတ်ပုံရိုက်ရိုက် အမြဲတမ်း ကြည့်ကောင်းနေစေဖို့ နည်းလမ်းကောင်းတချို့ကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ဓာတ်ပုံလေးတွေကို ပြန်ကြည့်ရင်း ခရီးစဉ်ကို အမြဲအမှတ်ရနေစေဖို့ အမှတ်တရတွေကို ဖန်တီးလိုက်ပါ။ အခုပုံလေးတွေက ရေကူးဝတ်စုံနဲ့ ပဲရိုက်ရိုက် ဒီအတိုင်း အပြင်ဝတ်စုံလှလှလေးနဲ့ပဲရိုက်ရိုက် အရမ်းမိုက်နေစေမှာ သေချာပါတယ်။

၁။ ကျောခိုင်းပြီးမှ သမင်လည်ပြန် ပြန်ကြည့်လိုက်ပါ

၂။ ဒူးတစ်ဖက်ထောင် တစ်ဖက်ချလိုက်ပြီး လက်နဲ့ အခုလိုမျိုး ပို့စ်ပေးပါ

၃။ မတ်တပ်ရပ်တဲ့အခါ နွဲ့နွဲ့လေးရပ်ပါ

၄။ နောက်ကျောကမဟုတ်ဘဲ အရှေ့ကနေ ရိုက်ပါ

၅။ ခါးကိုကော့ပြီး ဒူးတစ်ဖက်ကို ကြွထားပေးပါ

၆။ ခါးမတ်မတ်ထားပြီး လက်တစ်ဖက်ကို နဖူးပေါ်တင်ပါ မျက်နှာကို မော့ထားပါ

၇။ ကိုယ်ကို မတ်မတ်ထားပါ

၈။ ဒီလို ထိုင်ပြီးရိုက်ပါ

၉။ ပုခုံးကို တွန့်မထားဘဲ ဖြေလျော့ထားပါ

ကမ်းခြေ (သို့) ရေကူးကန်မှာ ဓာတ်ပုံရိုက်တဲ့အခါ Pose ပေးနည်းလေးတွေ

၁၀။ မျက်လုံးကို ကင်မရာ လှန်မကြည့်ဘဲ မျက်နှာကို တစ်ဖက်စောင်းပြီး ကြည့်ပေးလိုက်ပါ

၁၁။ ပုခုံးကို ကင်မရာဖက်ထားပြီး မျက်လုံးကို ဝင့်ကြည့်လိုက်ပါ

၁၂။ ခြေထောက်တစ်ဖက်ကို အနောက်ဖက် ကန်ထားလိုက်ပြီး ရိုက်ပါ

Source: www.brightside.me

By: MyStyle Myanmar