နွေရာသီမှာ အရမ်းပူပြီးချွေးထွက်တော့ မိတ်ကပ်တွေပျက်တာ၊ ကွက်တာမျိုးတွေ အမြဲဖြစ်ပါတယ်။ အသားခြောက်တဲ့သူတောင် မိတ်ကပ်ကွက်တာမျိုးတွေ ဖြစ်တတ်တဲ့အတွက် အဆီပြန်တဲ့သူတွေဆို ပိုဆိုးပါတယ်။ ဒါကြောင့် ဘယ်လောက်ပူပူ အလှမပျက်စေဖို့ နွေရာသီအတွက် Sweat-Proof ဖြစ်တဲ့ အကောင်းဆုံး Foundations 5 မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
Marc Jacobs Shameless Youthful-Look 24H Foundation
Best Long-Lasting Foundation လို့ သတ်မှတ်ခြင်းခံထားရတာ ဖြစ်ပါတယ်။ လိမ်းထားရင် မိတ်ကပ်သားကြာရှည်ခံစေလို့ မိတ်ကပ်ကွက်တာ၊ ပျက်တာမျိုးတွေလည်း မဖြစ်စေပါဘူး။ Velvet Matte Finish လေးရစေပြီး Medium Coverage ပေးပါတယ်။
Tarte Babassu Foundcealer Skincare Foundation
Natural Look လေးရစေပြီး မိတ်ကပ်သားလည်း ကြာရှည်ခံစေပါတယ်။ သူကတော့ Medium-full Coverage ပေးပါတယ်။ မိတ်ကပ်လိမ်းရင် သဘာဝအတိုင်းလှနေတဲ့ Natural Look မျိုးလိုချင်တဲ့သူတွေ ရွေးချယ်သင့်ပါတယ်။
IT Cosmetics CC+ Cream with SPF 50+
Sunscreen လိမ်းဖို့မေ့တတ်တဲ့သူတွေ သုံးသင့်တဲ့ Foundation ဖြစ်ပါတယ်။ SPF 50+ ပါပြီး မိတ်ကပ်သားကြာရှည်ခံစေတယ်၊ Coverage လည်း ကောင်းကောင်းပေးနိုင်သလို မိတ်ကပ်သား သိပ်သိပ်ညက်ညက်လေးနဲ့ အရမ်းလှလို့ လူကြိုက်များပါတယ်။
Too Faced Born This Way Foundation
T-zone အဆီပြန်တဲ့သူတွေ၊ Combination Skin တွေအတွက် အရမ်းကောင်းတဲ့ Foundation ဖြစ်ပါတယ်။ မိတ်ကပ်လိမ်းထားတာကြာလာရင် အဆီပြန်တဲ့နေရာတွေက မိတ်ကပ်ကွက်တာ၊ ပျက်တာမျိုးတွေ လုံးဝမဖြစ်စေလို့ နွေရာသီအတွက်လည်း အရမ်းအဆင်ပြေပါတယ်။ Coverage လည်း သေချာပေးနိုင်တဲ့ Foundation ဖြစ်ပါတယ်။
Hourglass Cosmetics Vanish Seamless Finish Foundation Stick
Foundation Stick ဖြစ်လို့ အဆီပြန်တဲ့သူတွေအတွက် ပိုပြီးအဆင်ပြေပါတယ်။ Matte ဖြစ်လို့ အဆီပြန်တဲ့အခါ၊ ချွေးထွက်တဲ့အခါမှာ မိတ်ကပ်ကွက်တာမျိုးတွေလည်း မဖြစ်စေပဲ မိတ်ကပ်သားကြာရှည်ခံကာ လှနေစေပါတယ်။